ခမ်းသားငေါဝ်း
သြဂုတ် ၅၊ ၂၀၂၅
https://www.facebook.com/share/v/19wurpJVSB/
တောင်ကြီးမြို့နယ် မဲတောင်းရွာရှိ အ မ က ကျောင်းတွင် ကျောင်းအုပ်ဆရာမ၏ ယောင်္ကျားက ကျောင်းသူကလေးများကို မဖွယ်မရာလိင်ပိုင်းဆိုင်ရာကျူး လွန်ခြင်းအပေါ် တိုင်ကြားသော်လည်းအရေးယူ ပေးခြင်းမရှိနေကြောင်း ဒေသခံများထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စု မဲတောင်းရွာရှိ အ မ က ကျောင်တွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်လှိုင်အေး ၏ အမျိုးသားဖြစ်သွဦးထွန်းထွန်းနိုင်က ကျောင်းသူကလေးငယ်များကို စနှောက်သဖွယ် စကပ်လှန်၊ ဖင်ကိုင်၊ နို့ကိုင်ခြင်းပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။
‘’ကျောင်းကစားဆင်းချိန်၊ ထမင်းစားဆင်းချိန်ဆိုရင် စာသင်ခန်းအတွင်းထိဝင်ရောက်ပြီး ကျောင်းသူလေးရဲ့ private နေရာများကို စနှောက်သဖွယ် ထိတွေ့မှုများပြုလုပ်ပါတယ်။ ဒီအပြုအမူကြောင့် ကျောင်းသူတွေက ကြောက်ရွံ့မှု စိတ်ဖိစီးမှုခံစားနေရပါတယ်။ ဒီကိစ္စ မြို့နယ်ပညာရေးမှူးရုံးထံ မိဘအချို့က တိုင်ကြားခဲ့ပြီးဖြစ်ပေမယ့် ထိရောက်တဲ့အရေးယူမှု မရှိဘူး”ဟု ဒေသခံက ခမ်းသားငေါဝ်းကိုပြောသည်။
ကျောင်းသားမိဘများက မြို့နယ်ပညာရေးမှူးရုံးကိုတိုင်ကြားပြီးနောက် ကလေးငယ်များကိုသာ ပညာရေးမှူးရုံးက ခေါ်ယူစစ်ဆေးခဲ့ပြီး ကျူးလွန်သူကို ကွင်းဆင်းစစ်ဆေးခြင်းမပြုလုပ်သလို ကျူးလွန်သူကိုယ်တိုင်လည်း အစစ်ဆေးမခံခဲ့ကြောင်းသိရသည်။
ကျောင်းသားမိဘတစ်ဦးကလည်း ‘’ကျောင်းအုပ်ဆရာမကြီးမှ သူ့ရဲ့အမျိုးသားက ကလေးကို သမီးအရင်းသဖွယ် ချစ်ခဲ့တဲ့အနေနဲ့ စနှောက်ခြင်း ဖြစ်တယ်လို့ ကာကွယ်ပေးနေတယ်၊ ကျွန်တော်တို့မိဘတွေအနေနဲ့ မိမိသားသမီးတွေကို ကျောင်းပို့ဖို့ စိုးရိမ်ပူပန် နေရတယ်၊ ဒီကိစ္စက မုဒိန်းမှုအထိပြဿနာဖြစ်လာနိုင်တယ်” ဟု ပြောသည်။
ထိုသို့ကျူးလွန်ခြင်းသည် ပြီးခဲ့သည့်ဇွန်လကတည်းကခံရခြင်းဖြစ်ပြီး ဇူလိုင် ၉ ရက်နေ့၌ ကျောင်းသားမိဘများက ပညာရေးမှူးထံတိုင်ကြားထားခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့တိုင်ကြားပြီးနောက် ကျူးလွန်သူကို ကျောင်းဝင်းထဲမဝင်ရဟုသာအမိန့်ထုတ်ပြီး ဆရာမကြီးအိမ်သည် ကျောင်းနှင့်ကပ်ရပ်ဖြစ်သောကြောင့် ကျောင်းသားမိဘများက ကလေးကိုစိတ်မချရကြောင်းဆိုသည်။
ကျောင်းသားမိဘာများက ထိထိရောက်ရောက် အရေးယူပေးရန်တောင်သဆိုကြကြောင်းသိရသည်။
#ppv002
#khamsarngor
#sexual abuse
#shanstate
#မဲတောင်းရွာ
#တောင်ကြီး
#ကျောင်းအုပ်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်