ခမ်းသားငေါဝ်း
သြဂုတ် ၄၊ ၂၀၂၅
https://www.facebook.com/share/p/19ZGjENpLi/
ကုန်ပစ္စည်းမဝင်သဖြင့် တောင်ကြီးမြို့တွင် ခွေးရူးပြန် ရောဂါ ကာကွယ်ဆေးနှင့် အဆိပ်ဖြေဆေး ဝယ်ယူရန် ခက်ခဲနေကြောင်း တောင်ကြီးမြို့ ဒေသခံများထံမှ ကြား သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ခွေးကိုက်ခံရပါက အဆိပ်ဖြေဆေးဝယ်ယူရန် ခက်ခဲပြီး တစ်မြို့လုံး ရှာမအောင် ပစ္စည်း ပြတ်လပ်နေကြောင်းကြားသိရသည်။
တောင်ကြီး ဆေးဆိုင်များ ၊ အောင်ဆေးဆိုင် ၊ တော်ဝင်ဆေးဆိုင် ၊ ၂၄ နာရီ ဆေးဆိုင်သာမက ပြင်ပပုဂ္ဂလိက ဆေးခန်း တစ်ချို့တွင်လည်း ထိုအဆိပ်ဖြေဆေး ဝယ်ယူမရဘဲ ပစ္စည်းပြတ်လပ်နေကြောင်း သိရသည်။
“ဘယ်သူမှလည်း ဆေးမထိုးပေးနိုင်ဘူးလေ။ အရင် တစ်ခေါက် ကလည်း မြို့လယ် ဓါတ်ဆီဆိုင်မှာ ဆီထည့်ဖို့ တန်းစီနေတုန်း ခွေးကိုက်ခံရတာအဲလိုပဲ ၊ အဲ့နားက အိမ်ရှင်က တာဝန်မယူပေးဘူး၊ ရပ်ကွက်ထဲမှာလည်း မကြာခန ဖြစ်နေကျပဲ ၊ ခွေးကိုက်ခံရရင် ဘယ်သူမှ တာဝန်မယူချင်ကြဘူး။”ဟု ရပ်ကွက်နေ ပြည်သူ တစ်ဦးက ဆိုသည်။
ခွေးကိုက်ခံရဒဏ်ရာနက်လျှင် မေးခိုင် ကာကွယ် ဆေး ၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် အဆိပ်ဖြေ ဆေးတို့သုံးမျိုးထိုးရပြီး ခွေးရူးပြန် ရောဂါကာကွယ်ဆေးကို ဆေးရုံမှ ပထမ တစ်ကြိမ် အခမဲ့ ထိုးနှံပေးကာ ၊ နောက်ထပ် ဒုတိယအကြိမ် ၊ တတိယ အကြိမ် နှင့် စတုတ္ထအကြိမ် တို့တွင် နှစ်သောင်းနှစ်ထောင်ကျပ် ပေးသွင်းရကြောင်း သိရသည်။
ခွေးကိုက်ဒဏ်ရာကြီးလျှင် ထိုးနှံရသော အဆိပ်ဖြေဆေးကို ဆိုင်တိုင်း ဝယ်ယူ၍ မရဘဲ ပစ္စည်း အဝင် မရှိသဖြင့် ပြတ်လပ်နေပြီး မြွေဆိပ်ဖြေဆေး နှင့် ခွေးရူးပြန် ရောဂါ ကာကွယ်ဆေးများပါ ဝယ်ယူရ ခက်ခဲလာကြောင်း ဆေးဆိုင်များထံသိရသည်။
ဝါတွင်းကာလတွင် ခွေးလေခွေးလွင့်လမ်းဘေးခွေးများ အန္တရာယ်များ ပြီးစည်ပင်မှတာဝန်ယူစေကြောင်းဒေသခံကပြောသည်။
“အခု ခွေးလေခွေးလွှင့်တွေက ရပ်ကွက် နေရာတိုင်းမှာ ဘယ်သူမှ တာဝန်မယူကြဘူး။ တချို့ အိမ်ရှင် တွေက ထမင်းဟင်း ကျွေးထားကြပြီး ခွေးကိုက်ခံရတော့မှ သူတို့နဲ့ မဆိုင်ပါဘူးပြောတယ်။ သူတို့ အိမ်ရှေ့မှာပဲ လမ်းဘေးခွေးတွေ အစားအစာတွေ ကျွေးမွေးထားပြီး အိမ်လုံအောင် မွေးထားတဲ့ သဘောပဲ ၊ ဒါတွေကို စည်ပင် ကလည်း တစ်မြို့လုံး လိုက်လံ မရှင်းလင်းနိုင်ဘူး။ ဒီလို ခွေးတွေကို တာဝန်ယူမယ့် သူ မရှိရင် ခွေး စောင့်ရှောက်ရေး ဂေဟာ ကို တာဝန်ရှိသူ က ပို့ဆောင် ပေးသင့်တယ်”ဟု၎င်းကပြောသည်။
တရားမဝင် ကုန်စည်များ ဖမ်းဆီးမှု မြင့်တက်နေသဖြင့် ပြည်ပမှ တင်သွင်းသော အိမ်သုတ်ဆေး ၊ လူသုံးကုန် ပစ္စည်းများ ၊ လျှပ်စစ်ပစ္စည်းများ နှင့် ဆေးဝါးတို့သည် ပစ္စည်း ဝင်ရောက်မှု မရှိသလောက် နည်းပါးလာနေ ကြောင်း သိရသည်။
#PPV-006
#Taunggyi
#shanstate
#dog
#ကာကွယ်ဆေး
#အဆိပ်ဖြေဆေး
#Khamsarngor
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်