ခမ်းသားငေါဝ်း
သြဂုတ် ၃၊ ၂၀၂၅

https://www.facebook.com/share/p/14K1MCGebMj/

မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် ပင်ခွန်ရွာတွင် မြေနိမ့်ပိုင်းရှိအိမ်များ အိမ်အောက်ထပ် ရေမြုပ်သွားကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်ခွန်ရွာတွင် မိုးအဆင်မပြတ်ရွာသွန်းပြီးနောက် သြဂုတ်လ ၁ ရက်နေ့ကစပြီး မြေနိမါ်ပိုင်းရှိ ရွာသားများ နေအိမ် အောက်ထပ်ရေစတင် မြုပ်သွားသည်။

“အိမ်အောက်ထပ်ရေမြုပ်သွားတယ်။ အိမ်နောက်က လက်ဖက်ပင် ၊ကောက်ဖီပင် ၊ရေတွင်းတွေအကုန် ရေမြုပ်သွားတယ်။မနှစ်ကထက် ဆိုးတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုလိုတောင်ကျရများပြီး မြေနိမ့်ပိုင်းတွင် ရေလာစုသောကြောင့် ကျေးရွာတွင်းရှိ ကလေးငယ်များအတွက် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေကြရကြောင်းသိရသည်။

ယခုတွင် မိုးရွာသွန်းနေဆဲဖြစ်သောကြောင့် ရေထပ်တက်လာနိုင်မည့် အခြေအနေရှိနေကြောင်း၄င်းကဆက်ပြောသည်။

သြဂုတ်လ၂ ရက်နေ့တွင်လည်း မိုး အဆက်မပြတ်ရွာသွန်းပြီး ကျေးရွာတွင် တောင်ကျရေနှင့်အတူ ကျောက်တုံးများ လိမ့်ဆင်းလာပြီး တောင်ပြိုကျမှုများကြောင့် တောင်လွယ်မောင်းရွာနှင့် ထီဝါးလီးရွာ ရွာသားများ အရေးပေါ် ရွေ့ပြောင်းခဲ့ရကြောင်းသိရသည်။

#PPV005
ပုံ-အွန်လိုင်း
#ပင်လောင်းမြို့နယ်
#ပင်ခွန်ရွာ
#မိုးအဆင်မပြတ်ရွာသွန်း
#မြေနိမါ်ပိုင်းရှိရွာများ
#အောက်ထပ်ရေစတင်မြုပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7