ခမ်းသားငေါဝ်း
သြဂုတ် ၄၊ ၂၀၂၅
https://www.facebook.com/share/p/1AxussLGMF/
ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ယနေ့ဩဂုတ်လ (၄) ရက် မနက် ၁၀ နာရီ ခွဲအချိန် လေယာဉ်နှင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း ဒေသခံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ယနေ့ မနက် ၁၀နာရီခွဲအချိန် စည်ပင်သာယာရုံးနှင့် ဈေးသစ်အနီး တစ်ဝိုက် သို့ ဗုံးကျ ရောက်ပေါက်ကွဲပြီး ဒေါ်ချောကိုယ်ပိုင်အထက်ကျောင်းလည်း ထိခိုက်ပျက်စီးပြီး အမျိုးသမီး (၃)ဦး ဒဏ်ရာရရှိခဲ့သည်။
“စည်ပင်ရုံးနားနဲ့ ဈေးသစ်အနီးမှာ မနက် ၁၀ ခွဲလောက်က ကြဲသွားတာပါ၊ ၁ ကြိမ်ပါ၊ အမျိုးသမီး ၃ ဦး ဒဏ်ရာ ရပါတယ်” ဟု ဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောသည်။
အလားတူ မနေ့ ဩဂုတ် ၃ ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်တွင်လည်း တအာင်းတပ် ထိန်းချုပ်ထားသည့်ရှမ်းမြောက် သီပေါမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းဟောင်းဖြစ်သည့် ခြေလျင်တပ်ရင်း (ခလရ-၂၃) တပ်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့် ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
PPV0013
ပုံ-TNLA
#လူ့အခွင့်အရေး
#ရှမ်းပြည်နယ်မြောက်ပိုင်း
#တအာင်းတပ်မတော်
#PSLF/TNLA
#ကျောက်မဲမြို့
#စည်ပင်သာယာရုံး
#ဈေးသစ်အနီးတစ်ဝိုက်
#ဗုံးကျရောက်ပေါက်ကွဲ
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်