ခမ်းသားငေါဝ်း
သြဂုတ် ၂၊၂၀၂၅
https://www.facebook.com/share/p/1F9c4xHjhJ/
မိုးသည်းထန်စွာ ရွာသွန်းပြီးရေကြီးမှုကြောင့် လွယ်မောင်းရွာနှင့် ထီဝါးလီရွာတို့တွင် မြေပြိုမှု နေအိမ်များ ရေဝင်ရောက်မှုဖြစ်ပေါ်ကာ အရေးပေါ် ကူညီရွှေ့ပြောင်းမှု လိုအပ်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသပင်လောင်းမြို့နယ် လွယ်မောင်းရွာနှင့် ထီဝါးလီရွာတွင် ဩဂုတ်လ (၂)ရက်ကနေ့မိုးသည်းထန်စွာ ရွာသွန်းနေပြီး သက်ကြီးရွယ်အိုများ၊ နေအိမ်ရှိ ပစ္စည်းများကို ဒေသခံအချင်းချင်း ဝိုင်းဝန်း ရွေ့ပြောင်းနေကြရကြောင်း သိရသည်။
“မြေပြိုမှုလည်း ရှိတယ်။ မိုးဆက်ရွာရင်တော့ အခြေအနေမကောင်းလောက်ဘူး။ ပစ္စည်းများ ရွေ့ပြောင်းဖို့ အကူအညီလိုအပ်တယ်။ မိုးကမတိတ်သေးဘူး။ မြို့ပေါ်လည်း ချောင်းရေကြီးနေတယ်ကြားတယ်”ဟု ဖြစ်စဉ် သိရှိသူကခမ်းသားငေါဝ်းကို ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့အတော်များများတွင် ယနေ့ မိုးသည်းထန်းစွာ ရွာသွန်းမှုရှိနေပြီး တချို့နေရာက ကလေးကျောင်းပိတ်ထားလိုက်ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်(၂၈)ရက်တွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ကျေးရွာများ မိုးရေကြီး မှုကြောင့် လူသေဆုံးမှု၊ နေအိမ်၊ လမ်းတံတား ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ လက်ရှိချိန်ထိ ကူညီကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း သိရသည်။
photo Crd to Thiha Khun
#PPV0011
#pinlong
#ဝါးလီ
#လွယ်မောင်း
#shanstate
#သဘာဝဘေး
#rainning
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်