ခမ်းသားငေါဝ်း
သြဂုတ် ၃၊ ၂၀၂၅
https://www.facebook.com/share/p/19SxiV1BB9/
ပင်လောင်းမြို့နယ် လွယ်မောင်း၊ ထီဝါးလီးရွာတွင် ဩဂုတ်လ (၂)ရက် နေ့လယ်ပိုင်းအချိန် မိုးကြီးကာ မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် ဒေသခံများ နေအိမ်များ ရေလွှမ်းခံရ၍ စောင်၊အခင်းနှင့် အစားသောက်များ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ လွယ်မောင်း၊ထီဝါးလီရွာတွင် မိုးကြီး၍ တောင်ပြိုကျကာ နေအိမ်၊ ကျောင်းများ ပေါ်ပြိုကျခဲ့သဖြင့် ဒေသခံများ ဘုန်းကြီးကျောင်းနှင့်နီးစပ်ရာ ဆွေမျိုးထံ နေထိုင်နေရကြောင်း ဒေသခံဆီမှသိရသည်။
“ဘုန်းကြီး ကျောင်းမှာ ဆိုရင်လည်း စားဖို့သောက်ဖို့ အဓိကပေါ့ စောင်တွေလည်း အဓိကအဲ့လို့တွေဖြစ်နေတယ်၊ ရုတ်တရက်ကြီးထွက်လာရတဲ့အခါ တော့ရေကြီးပြီးတချို့အိမ်ဆို ရေဝင်သွားတဲ့အခါကြ တော့ ရစရာမရှိတော့ဘူး ခြုံစရာစောင် တွေလည်းမရှိ တော့ဘူး” ဟု ဒေသခံဆီ တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဒေသခံများသည် နီးစပ်ရာ နေရာသို့ ရွေ့ပြောင်းရာတွင် လမ်းများပျက်စီးကာ ကား၊ဆိုင်ကယ် သွားမရ၍ လမ်းလျှောက်ထွက်ရသဖြင့် အသက်ကြီးရွယ်အိုများအတွက်လည်း အခက်အခဲကြုံ တွေ့ခဲ့ရကြောင်း ၎င်းကဆက်ပြောသည်။
ထို့ပြင် လွယ်မောင်း၊ထီဝါးလီရွာသို့ သွားရောက်ကူညီရာတွင်လည်း ပင်လောင်းမြို့ ပေါ်ရပ်ကွက်ရေကြီးနေသဖြင့် သွားလာရာခက်ခဲ နေကြောင်း သိရပါသည်။
“မိုးကြီးတော့လေသွားလာရတအားအခက်ခဲဖြစ်တယ်၊ သူတို့ဆီသွားဖို့ကလည်း မြို့ထဲမှာ ရေတအားကြီး နေတာကော လမ်းက ဖြတ်လို့မရတာ တွေ့ တော်တော်လေတော့ အခက်ခဲဖြစ်နေကြတယ်၊ ဒီနေ့အထိ ရေကမကျ သေးဘူး သွားလို့ဖြတ်လို့ မလွယ် သေးဘူး”ဟု ဒေသခံတစ်ဦးမှ ထပ်ပြောသည်။
လွယ်မောင်းရွာနှင့်ထီဝါးလီးရွာကို မနေ့ ဩဂုတ်လ (၂)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်အပြင် စာသင်ကျောင်းပြိုကျပျက်စီးပြီး ဒေသခံ ၁၅၀ ထက်မနည်း နီးစပ်ရာ ဘုန်းကြီး ကျောင်းသို့ ရွေ့ပြောင်း ထားပြီး ယခုချိန်ထိ သေဆုံးသူမရှိသေး ကြောင်းသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်လောင်းမြို့နယ်
#လွယ်မောင်း
#ထီဝါးလီးရွာ
#မိုးကြီးကာ
#မြေပြိုမှုဖြစ်ပွား
#ရေလွှမ်း
#စောင်
#အခင်းနှင့်အစားသောက်များ
#အရေးပေါ်လိုအပ်နေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7