ခမ်းသားငေါဝ်း
သြဂုတ် ၂၊၂၀၂၅

https://www.facebook.com/share/p/16pE5izvYd/

ညောင်ရွှေမြို့နယ်၊ အင်းလေး ဖောင်တော်ဦးရှင်တော်မြတ်စွာဘုရား ဒေသစာရီကြွချီနိုင်ရေး ညှိနိုင်းအစည်းဝေးပြုလုပ်ပြီးယခုနှစ် ပွဲတော်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် သာလေးကျေးရွာအုပ်စု နမ့်ဟူးရွာတွင် ဩဂုတ်လ ၁ ရက် က အင်းလေးဖောင်တော်ဦးရှင်တော်မြတ်စွာ ဘုရား ဒေသစာရီ ကြွချီနိုင်ရေး ညှိနှိုင်းအစည်းအ ဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီတစ်နှစ်မှာတော့ အင်းလေး ဖောင်တော်ဦး ဘုရား ဒေသစာရီ ကြွချီပွဲတော်ကို ကျင်းပသွားမည်လို့ အစည်းအဝေး ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ အများပြည်သူတွေအတွက် ဘေးအန္တရာယ် ကင်းစင် ပပျောက်စေဖို့နဲ့ ကောင်းကျိုးဖြစ်ထွန်းစေဖို့ အတွက် ဘုရား ဒေသစာရီ ကြွချီပွဲတော်ကို အပူဇော်ခံ ကျင်းပသွားမှာ လို့ ဆရာတော်ကြီးများ မိန့်ပါတယ်။”ဟုစည်းဝေး တက်ရောက်ခဲ့သူ တစ်ဦးက ဆိုသည်။

ဖောင်တော်ဦးဘုရား ကိုယ်စားတော် ရုပ်ပွားတော်မြတ် ၄ ဆူ ဒေသစာရီ ကြွချီ အပူဇော်ခံပွဲကိုလာမည့် ၂၀၂၅ခုနှစ် စက်တင်ဘာလ ၂၂ ရက်၊ ၁၃၈၇ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ၁ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ဩဝါဒါစရိယဆရာတော်ကြီးများမှ လူနတ် ဗြဟ္မာ ၊ သတ္တဝါ အားလုံး ဘေးအန္တရာယ် ဟူသမျှ ကင်းစင် ပပျောက်၍ ကောင်းကျိုး ဟူသမျှ ဖြစ်ထွန်းပါစေခြင်း အကျိုးငှာ ယခုနှစ် အင်းလေး ဖောင်တော်ဦး ဘုရား ၊ ဘုရား ဒေသစာရီ ကြွချီ အပူဇော်ခံသွားမည် ဟု သိရသည်။

ညှိနှိုင်းအစည်းအဝေးသို့ အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား၏ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ညောင်ရွှေမြို့နယ် သံဃနာယက ဆရာတော်များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖောင်တော်ဦးဘုရား ၏ ဘုရားလူကြီးနှင့် တကွ ဂေါပက အဖွဲ့ဝင်များတက်ရောက် ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် အင်အားပြင်း ငလျင်ဒဏ်ကြောင့် အင်းလေးကန် ဖောင်တော်ဦးဘုရား ရင်ပြင်တော်များ ကွဲအက်ခြင်း ၊ ပင်မကျောင်း ဆောင် အက်ကွဲခြင်းများ ဖြစ်ပေါ် လာသဖြင့် ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် ရက်ပေါင်း အရှည်ကြာဆုံးပွဲတော်တစ်ခုဖြစ်သည့် ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ပွားတော် ၄ ဆူ ဒေသစာရီ ကြွချီ အပူဇော်ခံပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက် နေ့ အထိ၊ ၁၈ ရက်တိုင်တိုင် အင်းလေးဒေသ ၂၁ ဌာနသို့ ကြွချီ လှည့်လည် အပူဇော်ခံလေ့ ရှိခြင်းဖြစ်သည်။

သို့သော် ၂၀၂၀ ပြည့်နှစ်တွင် စတင်ဖြစ်ပွားခဲ့သော ကိုဗစ် ကမ္ဘာ့ကပ်ရောဂါဆိုးကြောင့် ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းမှုတို့ကြောင့် ရိုးရာပွဲတော် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

#PPV-006
#Innlay
#shanstate
#ဖောင်တော်ဦးဘုရား
#ဒေသစာရီကြွချီမည်
#ညောင်ရွှေ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home