ခမ်းသားငေါဝ်း
သြဂုတ် ၂၊ ၂၀၂၅
https://www.facebook.com/share/p/1G77FGDAG5/
ပင်လောင်းမြို့နယ် ထီဝါးလီရွာတွင်ဩဂုတ်လ(၂) ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွာစာသင်ကျောင်းပေါ် မြေပြိုကျသည့်အထဲပါသွားကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ထီဝါးလီရွာတွင် မိုးသည်ထန်ပြီး ရွာအတွင်း ကျောက်တုံးကြီးလိပ်ကျလာမှု၊ မြေပြိုမှုများ ဖြစ်ပေါ်ကာ စာသင်ကျောင်းပါပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကံကောင်းလို့ ဆရာ၊ဆရာမ ကျောင်းသူကျောင်းသားအကုန်လုံး အချိန်မှီအပြင်ဘက်ထွက်နေလို့ လူထိခိုက်မှုတော့ မရှိဘူး”ဟု ဒေသခံကပြောသည်။
ထို့အပြင် ယနေ့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပင်လောင်းမြို့ပေါ် ရေကြီးမှု၊ လွယ်မောင်းရွာ၊ ထီပေါင်းရွာတို့တွင်လည်း ရေကြီးမှု၊ မြေပြိုမှုရှိပြီး အကူအညီလိုအပ်နေကြောင်း သိရသည်။
“ပင်လောင်းမြို့ထဲလည်း ရေပြန်တက်တယ်။ အရင်တစ်ခေါက်ထက် အခုပိုတက်လာတယ်။ နေအိမ်အထိရေဝင်တယ်။ တောင်ပေါ် ရွာတွေဆိုတော့ ပိုဆိုးတာပေါ့”ဟု၎င်းကဆက် ပြောသည်။
ဇူလိုင်နောက်ဆုံးပတ်နှင့် သြဂုတ်လပထမပတ်တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နေအိမ်၊ လမ်း ပြိုကျ ပျက်စီးမှု ရှိနေပြီး အရေးပေါ် အကူညီလိုအပ်နေကြောင်း သိရသည်။
#PPV0011
#Khamsarngor
#shanstate
#သဘာဝဘေး
#ရေကြီးရေလျှံမှု
#pinlong
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်