ခမ်းသားငေါဝ်း

ဩဂုတ် ၃၊ ၂၀၂၅

https://www.facebook.com/share/p/1HkRSbcrS3/

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွပ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လှုံခြုံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေဟုဆိုကာ လိုသလို ဖမ်းဆီးနိုင်ရန် နိုင်လွတ်လုံ ဥပဒေကို စစ်ခေါင်းဆောင်က ဩဂုတ်လ ၁ ရက်စွဲဖြင့် ထပ်မံ ပြဋ္ဌာန်းလိုက်သည်။

အဆိုပါ ဥပဒေအား အာဏာသိမ်းပြီးရက်ပိုင်းအတွင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်၌ ပုဒ်မ ၅၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ကို ရပ်ဆိုင်းကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ ဇူလိုင် ၃၁ ရက်တွင် စစ်ကောင်စီဖျက်သိမ်း၍စစ်ကော်မရှင်သစ်ဖွဲ့စည်းချိန်အပြီး ဆက်လက် ရပ်ဆိုင်းထားကြောင်း ထပ်မံထုတ်ပြန်လာခြင်း ဖြစ်သည်။

ထပ်မံပြဌာန်းသည့်ဥပဒေတွင် ၁။ အမျိုးသားကာကွယ်ရေးနှင့် လှုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရဤဥပဒေကို ပြဌာန်းလိုက်သည်။

၂။ ဤဥပဒေကို ၂၀၂၅ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွပ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလှုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၂ ကို အကိုးအကားပြု၍ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွပ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလှုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၅၊ ပုဒ်မ ၇၊ နှင့် ပုဒ်မ ၈ တို့ပါ ပြဌာန်းချက်များကို ရပ်ဆိုင်းလိုက်သည်။

၄။ ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ လွတ်တော်များဖွဲ့စည်းခြင်းမပြုသေးမီ အမျိုးသားကာကွယ်ရေးနှင့် လှုံခြုံရေးကောင်စီက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာများကို ကျင့်သုံးဆောင်ရွက်သည့် ကာလအတွင်းသာဖြစ်သည်ဟု မှတ်ယူရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ယာယီသမ္မတ(တာဝန်) ဟုဆိုကာ ထုတ်ပြန်ထားသည်။

နိုင်လွတ်လုံ ဥပဒေသည် ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၁၇ တွင် ပြဋ္ဌာန်းခဲ့သည့် အစိုးရနှင့် လွှတ်တော် ကိုယ်စားလှယ်များကို ဝေဖန်ပါက တရားစွဲခြင်းအပါအဝင် နိုင်ငံသား အချင်းချင်း တရားစွဲခြင်းများပြုလုပ်လာသည့်အတွက် ယင်းဥပဒေကို ပြင်ဆင်ရန် ၂၀၂၀ လွှတ်တော်အစည်းအဝေးများ၌ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

စစ်တပ်အာဏာသိမ်းအပြီး ယင်းဥပဒေပါ နိုင်ငံသားများအား အကာအကွယ်ပေးထားသော ဝရမ်းမပါဘဲဖမ်းခွင့်မရှိ၊ ၂၄ နာရီထက်ကျော်လွန်ချုပ်နှောင်ခွင့်မရှိစသည့် ပုဒ်မ ၅၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ကို ရပ်ဆိုင်းကြောင်း ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခြင်းဖြစ်သည်၊၊

နေအိမ်နှင့် အဆောက်အအုံများကို ဝင်ရောက် ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတဦးဦးအားရှာဖွေခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်လိုလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိအုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးပါမှသာ ဆောင်ရွက်နိုင်မှု၊ တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမပြုရန် စသည့် အချက်များပါဝင်သည့် နိုင်လွတ်လုံဥပဒေပုဒ်မ ၅၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါ ပြဋ္ဌာန်းချက်များကို ရပ်ဆိုင်းထားသည့် ဥပဒေကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြဋ္ဌာန်းထားခဲ့သလို NLD လက်ထက်တွင်လည်း နိုင်လွတ်လုံ ဥပဒေ အားနည်းချက် တချို့ကို ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်သည့်ဥပဒေကြမ်း တင်သွင်းခဲ့ကြသေးကြောင်း သိရသည်။

PPV001
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#နိုင်ငံသားများ
#ပုဂ္ဂိုလ်ရေးဆိုင်ရာလွပ်လပ်မှု
#ပုဂ္ဂိုလ်ရေးဆိုင်ရာလှုံခြုံမှုဥပဒေ
#ပြင်ဆင်သည့်ဥပဒေ
#လိုသလိုဖမ်းဆီးနိုင်
#နိုင်လွတ်လုံဥပဒေ
#စစ်ခေါင်းဆောင်ပြဋ္ဌာန်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7