ခမ်းသားငေါဝ်း

ဇူလိုင် ၃၁၊ ၂၀၂၅

https://www.facebook.com/share/1A7JHgwGc1/

ရွာငံမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းထိုးလာသောကြောင့် စစ်ရေးတင်းမာမှု ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများ စခ၊ ရခ ကားများနှင့် ကပ်၍သွားလာခြင်း မလုပ်ကြရန်နှင့် အသွားအလာ သတိရှိကြရန် DSNDAက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြီးခဲ့သည့် ဇူလိုင်(၂၇)ရက် နေ့လည် (၁၁)နာရီ၌ ရွာငံမြို့နယ် တောင်ဦးရွာနှင့် ရနဲကျေးရွာကြား စစ်ကောင်စီအင်အား(၂၄၀)ဖြင့် စစ်ကြောင်းထိုးလာပြီး ဓနုပြည်နယ် အမျိုးသားရေး ကာကွယ်ရေးတပ်တော် DSNDA ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၀)ဦးကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရကာ လက်ရှိတွင် စစ်ကောင်စီ အင်အားနှစ်ရာကျော်ဖြင့် ရနဲကျေးရွာ၌ တပ်စွဲထားကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီသည် တောင်ပို့ခေါင်း၊ ဂွေးပင်၊ ဆပ်ခြံ၊ တောင်ဦး၊ တဲ့လုရွာတို့တွင်လည်း တပ်စွဲထားပြီး တောတောင်ထဲသို့ အကြောင်းရင်းမရှိ လက်နက်အကြီး၊အသေးတို့ဖြင့် ပစ်ခတ်နေကြောင်း ထုတ်ပြန်ထားသည်။

ကျေးရွာများရှိ အပြစ်မဲ့ပြည်သူများကိုလည်း ဖမ်းဆီး ရိုက်နှက်ခြင်းရှိနေပြီး ဖမ်းဆီးခံရသည့် ဒေသခံများ လက်ရှိချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် သွားလာရေး သတိရှိကြရန် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး/ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် က သတိပေး ထုတ်ပြန်ထားသည်။

PPV0011
ပုံ-အွန်လိုင်း
#ရွာငံမြို့နယ်
#စစ်ကြောင်းထိုးလာ
#စစ်ရေးတင်းမာ
#ပြည်သူများစခ၊ရခ
#ကားများနှင့်ကပ်၍သွားလာခြင်းမလုပ်ကြရန်
#DSNDA

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home