ခမ်းသားငေါဝ်း
ဇူလိုင် ၃၁၊ ၂၀၂၅
https://www.facebook.com/share/p/1BAUR6GAjR/
ယခုတလော ဝီဖာမုန်းတိုင်းကြောင့် မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီး၊ ရေလျှံမှုကြုံတွေ့ခဲ့ရပြီး အင်းလေးကန်ဒေသတွင်ရှိ ကျေးရွာတချို့တွင် နေအိမ်များရေနစ်မြှုပ်ခဲ့ ကြောင်းဒေသခံထံကသိရသည်။
ရှမ်းပြည်နယ်တစ်ဝှမ်း ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် တောင်ကြီး၊ ညောင်ရွှေ၊ ကလော တို့တွင်ရေကြီးရေလျှံမှုကြောင့်၎င်း မြို့နယ်မှ စီဆင်းသည့်ရေသည် အင်းလေးကန်သို့ စီးဝင်ပြီး အင်းလေးကန် ဒေသရှိ ကျေးရွာတချို့ အိမ်အောက်ထိ ရေမြှုပ်ခဲ့သည်။
“မနေ့မနက် ၃ နာရီခွဲလောက်ကတည်းက တောင်ကြီးဘက်က ရေတွေတော်တော်များများဆင်းလာတယ်၊မနေ့ညောင်ရွှေမြို့မှတော့ ရေတစ် ပေခွဲတက်လာတယ် ၊မြို့ထဲမှ ရေအနည်းငယ်မြှုပ်တယ် အင်းထဲမှ တော့အိမ်တွေ တော်တော်များများ ပြန်မြှုပ်လာတယ် ပေါ့နော် ရွာတိုင်းလိုလိုပါပဲ အိမ်အောက်ထပ် မြှုပ်ကုန်တယ်” ဟု ဒေသခံတစ်ဦးမှ ပြောသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ် ၂၀၂၄ ရေကြီးမှုတွင် နုန်းမြေများမြင့်တက်လာ၍ ယခုနှစ် အင်းလေးကန် ဒေသ ရေအနည်းငယ်စီးဝင်ရုံဖြင့် ရေကြီးနိုင်ချေများ ကြောင်းသိရသည်။
၂၀၁၅ ခုနှစ်တွင်လည်း အင်းလေးတောင်ဘက်ခြမ်းရှိ ချောင်းသည် အမြင့် ၁၂ ပေရှိခဲ့သော်လည်း တောင်ယာ မြေချဲ့ထွင်မှုများလာသည့်အမျှ ရေကြီးချိန် နုန်းမြေများ စီးဆင်းသဖြင့် ယခုချိန်တွင် ၅ပေခန့်တာ ကျန်ရှိ ကြောင်းသိရသည်။
“အင်းလေးကန် ရေများလာတဲ့အချိန်မှာ အင်းလးကန်တောင်ဘက်ပိုင်း လောပိတ ဘက်ကို ရေကစီးဆင်းရမဲ့ချောင်းက မစီးနိုင် တော့ဘူးပါ့နော်၊မစီးဆင်းနိုင် တော့ မိုးတွင်းရွာလိုက်တာ နဲ့ အင်းလေးကန် ရေလျှံ၊ရေကြီးတယ် အဲ့လို့ဖြစ်လာတယ်” ဟု Save the Inlay lake ၏တာဝန်ရှိသူတစ်ဦးမှပြောသည်။
၎င်းအကျိုးဆက်ကြောင့် အင်းလေးကန်တွင် ပြီးခဲ့သည့်ဇွန်လ ၁၂ ရက်န့မှ ၁၃ ရက်နေ့အတွင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စပါးစိုက်ခင်းများ မရိတ်သိမ်းခင်ရက်၂၀ အလို ရေလွှမ်းမိုးခံရ၍ အများအပြားဆုံးရှုံးနစ်နာခဲ့ရသည်။
PPV0013
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ဝီဖာမုန်းတိုင်း
#မိုးအဆက်မပြတ်ရွာသွန်း
#ရေကြီး
#ရေလျှံမှုကြုံတွေ့ခဲ့ရ
#အင်းလေးကန်ဒေသ
#နေအိမ်များရေနစ်မြှုပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7