ခမ်းသားငေါဝ်း
ဇူလိုင် ၃၁၊ ၂၀၂၅
https://www.facebook.com/share/p/1Dq9rwKXuE/
မူဆယ်-နမ့်ခမ်းလမ်းပိုင်းကို ယနေ့ဇူလိုင်(၃၁)ရက်မှ စပြီး TNLAမှ ရက်အကန့်သတ်မရှိ ပိတ်ထားကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းပိတ်ထားရသည့် အကြောင်းအရင်းကို မသိရသေးကြောင်းနှင့် ကုန်သည်အချို့ ပိတ်မိနေမှုရှိနေကြောင်း သိရသည်။
“ပိတ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူး။ ဒီမနက်က ပိတ်သွားတယ်။ ကုန်ကားအချို့ နမ့်ခမ်းမြို့ထဲ ပိတ်မိနေတာမျိုးရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ်နှင့် နီးစပ်သည့် မူဆယ်-နမ့်ခမ်းလမ်းပိုင်းအား ပိတ်လိုက်ခြင်းကြောင့် ကုန်စည်ဈေးနှုန်းမြင့်တက်လာမည်ကို ဒေသခံများ စိုးရိမ်မှုရှိနေကြောင်း သိရသည်။
“နိုင်ငံရေးမတည်ငြိမ်မှုကြောင့်လား ဘာကြောင့်လဲဆိုတာကို မသိရတော့ အမျိုးမျိုး ထင်ကြေးပေးပြီး ပြောဆိုနေကြတာရှိတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှုကိုလည်း စိုးရိမ်ကြတယ်”ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
မူဆယ်-နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားသော်လည်း မူဆယ်(၁၀၅)မိုင် လမ်းကို ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ၍ ရနေကြောင်း သိရသည်။
TNLAထိန်းချုပ်ရာ မြောက်ပိုင်းဒေသသို့ စစ်ကောင်စီမှ မကြာခဏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေမှုကြောင်း နမ့်ခမ်းမြို့ရှိဒေသခံများသည်လည်း စိုးရိမ်ပူပန်မှု ရှိနေကြောင်း သိရသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မူဆယ်-နမ့်ခမ်းလမ်းပိုင်း
#TNLA
#ရက်အကန့်သတ်မရှိပိတ်ထား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7