ခမ်းသားငေါဝ်း
ဇူလိုင် ၃၁၊ ၂၀၂၅
https://www.facebook.com/share/p/1B3hzGxqY2/
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လွိုင်ကော်မြို့ထဲရှိ ဘီလူးချောင်းရေကြီးလာမည်ကို မြို့ခံများစိုရိမ်နေကြသည်ဟု ဇူလိုင်လ (၃၁) နေ့တွင် မြို့ခံများထံမှသိရသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ထဲရှိ ဘီလူးချောင်းရေကြီးလာမည်ကို မြို့ခံများစိုရိမ်နေကြပြီး ချောင်းနားနီးသူများ အထုပ်အပိုးပြင်ထားကြသည်။
“ရေတော့ လျှံထွက်ဖို့တစ်တောင်လောက်ဘဲကျန်တယ်၊ ဒီလိုဘဲမိုးတွေဆက်ရွာမယ်ဆိုရင် ရေးကြီမှာသေချာတယ်၊ ချောင်းနားနီးတဲ့သူအကုန်လုံးနီးပါး အထုပ်အပိုးတွေပြင်ထားကြတယ်၊ မိုးတွေရွာရင် အိပ်တာတောင်စိုးရိမ်စိတ်နဲ့ဘဲအိပ်ရတယ်”ဟု မြို့ခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
မိုးဆက်တိုက်ရွာသွန်းမှုကြား စိုးရိမ်စိတ်နှင့်နေနေရသည့်ဒေသခံများသည် ယမန်နေ့ကမိုးတိတ်သွားသဖြင့်စိုးရိမ်မှုလျော့ကျခဲ့သော်လည်း ယနေ့တွင်မိုးထပ်မံရွာသွန်းလာသောကြောင့် ရေကြီးလာမည်ကို တစ်ဖန်ပြန်လည်စိုးရိမ်နေကြကြောင်း သိရသည်။
နောက်ထပ်မြို့ခံတစ်ဦးက” မိုးကနေ့တိုင်းရွာနေတော့ အရင်နှစ်တွေလို ရေထပ်ကြီးမှာ အကြောက်ဆုံးဘဲ၊ ကျန်မအရင်လကမှပြန်လာနေတာ ကျွန်မတို့ရပ်ကွက်ကနေလို့မရသေးဘူး၊ အခုအမျိုးအိမ်မှာနေရတာလေ၊ ရေထပ်ကြီးရင် ဘယ်မှာထပ်ပြီးသွားနေရမလဲဆိုပြီး တွေးပူနေရတာ၊ရေမကြီးပါစေနဲ့ ဘုရားမှာဆုတောင်းရုံမှအပ ဘာမှမတက်နိုင်ဘူး”ဟု သူကပြောသည်။
ရွှေတောင်၊ဒေါဥခူ၊နမ်းကွတ်၊မင်းစုရပ်ကွက်တို့သည် ဘီလူးချောင်းဘေးတွင်သာတည်ရှိသောကြောင့် တစ်ခြားအမြင့်ပိုင်းရပ်ကွက်တွေထက် ဘီလူးချောင်းရေကြီးလာမည်ကို ပိုပြီးစိတ်ပူကြရသည့်ရပ်ကွက်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် လွိုင်ကော်မြို့သည် ယခင်နှစ်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘီလူးချောင်းရေများလျှံထွက်လာသဖြင့် မြို့ခံများအိမ်သို့ရေဝင်ရောက်လာခြင်းလည်း ကြုံတွေ့ခဲ့ရကြောင်းသိရသည်။
PPV10
#သဘာဝဘေး
#မိုးအဆက်မပြတ်ရွာသွန်းမှု
#ကရင်နီ
#ကယား
#လွိုင်ကော်မြို့
#ဘီလူးချောင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7