ခမ်းသားငေါဝ်း
ဇူလိုင် ၃၁၊ ၂၀၂၅
https://www.facebook.com/share/p/1BvQ2wowpw/
စစ်ကောင်စီနှင့် PNOပြည်သူ့စစ် ပြန်လည်သိမ်းပိုက်ရယူထားသည့် နန်းတုတ်ရွာတွင် စစ်အသုံးစရိတ်ဟုဆိုကာ ဒေသခံများထံ တစ်အိမ်(၅)သိန်းကျပ် ကောက်ခံနေကြောင်း ဇူလိုင်လ(၃၁)ရက်နေ့တွင် ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ၊ နန်းတုတ်ရွာတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ဒေသခံများထံ စစ်အသုံးစရိတ်အတွက် မဖြစ်မနေတစ်အိမ်(၅)သိန်းကျပ်ထည့်ရမည်ဟု ပြောဆိုထားသဖြင့် ဒေသခံများအခက်အခဲကြုံတွေ့နေရသည်။
“နန်းတုတ်ရွာဘက်ကတော့ စစ်ကောင်စီနဲ့ PNO တွေက စစ်အသုံးစရိတ်ဆိုပြီး တစ်အိမ်(၅)သိန်းကောက်တယ်၊ အဆင်မပြေကြတော့ အပြည့်မထည့်နိုင်ကြသေးဘူး တစ်သိန်းနှစ်သိန်းလောက်ပဲ ထည့်နိုင်ကြသေးတယ် ပိုက်ဆံက ရွာပြန်တဲ့လူရော မပြန်တဲ့လူရော အကုန်ထည့်ပေးရတယ်၊ အမြန်ဆုံးအပြည့်အစုံ ကောက်ပေးဖို့လည်း ပြောထားတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဒေသခံအများစုသည် ယခုချိန်ထိစစ်ဘေးရှောင်နေကြဆဲဖြစ်ပြီး အနည်းစုလောက်သာ နေရပ်ပြန်လာ နေထိုင်ကြကြောင်း သိရသည်။
“အခုကပြန်နေတဲ့သူတွေလည်းပြန်ကြပြီ မပြန်တဲ့လူတွေလည်းများတယ် ပိုက်ဆံမထည့်နိုင်ကြတာများတယ်လေ၊ စားဖို့တောင်အနိုင်နိုင် စစ်ရှောင်တာလည်းကိုယ့်အိုးကိုယ့်အိမ်မဟုတ်တော့ အဆင်မပြေဘူး၊ ရွာမှာဆို အိမ်တွင်းပစ္စည်းတွေလည်းမရှိကြတော့ဘူး၊ တစ်ချို့အိမ်တွေဆို တံခါးဖျက်စီးခံရတာတွေလည်းရှိတယ် မီးရှို့တာမျိုးတော့”ဟု ၎င်းကဆက်ပြောသည်။
ဒေသခံများနေရပ်ပြန်နိုင်ပြီဖြစ်သော်လည်း ပြောင်းစိုက်ပျိုးခွင့်မရသေးပဲ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က လယ်စပါးအနည်းကျဥ်းသာ စိုက်ပျိုးခွင့်ပြုထားကြောင်း သိရသည်။
ထို့အပြင် လွယ်နွဲ့ဘုရားတောင်ရွာတွင်လည်း ယခင်က ရှေ့တန်းတွင်ကင်းမစောင့်ကူဘူးဟုဆိုကာ ယခုထိတိုင် ဒေသခံများကို စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က နေရပ်ပြန်ခွင့်မပြုသေးကြောင်း သိရသည်။
#PPV007
ပုံ-အွန်လိုင်း
#လု့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#နန်းတုတ်ရွာ
#စစ်အသုံးစရိတ်အတွက်
#မဖြစ်မနေထည့်ရမည်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7