ခမ်းသားငေါဝ်း
ဇူလိုင် ၃၁၊ ၂၀၂၅
https://www.facebook.com/share/p/1B69dJKQ6W/
ဆိုက်ဘာလုံခြုံရေး ဥပဒေ အာဏာတည်သောနေ့တွင်ရှမ်းတောင်၌ VPN များ ချိတ်ဆက်မရတော့ဘဲ ပြတ်တောက်နေ ကြောင်း ဒေသခံများထံမှ ကြား သိရသည်။
စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေး ဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်တွင် စတင်၍ အာဏာတည်စေရမည်ဟု ကြေညာခဲ့ပြီး နောက် ဇူလိုင်လ ၃၁ ရက် ကစပြီး VPN များ ချိတ်ဆက်အသုံးပြု မရတော့ကြောင်း သိရသည်။
အထူးသဖြင့် အခကြေးငွေဖြင့် ဝယ်ယူအသုံးပြုနေသည့်VPN ဆာဘာ များကို တိုက်ရိုက် ဖျက်ဆီးခြင်းများ ကြုံတွေ့နေရပြီး ၊ ယခု လကုန်ခါနီး ရက်သတ္တပတ် အတွင်း Ip ban ခြင်းများ ဆက်တိုက် ကြုံတွေ့နေရကြောင်း လုပ်ငန်း ဝန်ဆောင်မှု ဆောင်ရွက်နေသူ တစ်ဦးက ဆိုသည်။
“ဇူလိုင်လ ၂၉ ရက်မှာလည်း တစ်ကြိမ် ဆာဘာ ကို ဘမ်းလို့ အသစ်ပြန်ရေးရတယ်။ အခု ၃၁ ရက် မနက်ပိုင်းမှာလည်း တစ်ကြိမ်ထပ်ပြီးတော့ ဆာဘာ ကို ဘမ်းတာ ကြုံရပြန်တယ်။ တချို့ VPN ကုမ္ပဏီ တွေက ပြည်တွင်း Developer တွေနဲ့ ပြည်ပ က ပညာရှင်တွေ ပေါင်းပြီးတော့ ဆာဘာ တည်ဆောက်တာတွေတော့ရှိတယ်။ VPN ဆာဘာ ထောင်တာ ၊ အပ်ပလီ ကေးရှင်းတွေ လုပ်ပြီး ရောင်းတာတွေ ပေါ့။ ၂၀၂၅ ခုနှစ် အစောပိုင်းက စပြီး နည်းအမျိုးမျိုး နဲ့ လိုက်ဖျက်နေတော့ ပုံစံ အမျိုးမျိုးနဲ့ အဆင်ပြေ အောင် ဆောင်ရွက်နေကြတာတော့ ရှိပါတယ်။”ဟု ဝန်ဆောင်မှု ဆောင်ရွက်သူ တစ်ဦးကပြော သည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်တွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ပြတ်တောက်ခြင်းမကြာခဏဖြစ်ပေါ်နေသည်မှာ ကြာပြီ ဖြစ်ကြောင်း သိရသည်။
ဒေသခံ တစ်ဦးက”ဇူလိုင်လမှာ ဖုန်းဆက် မရတာတွေ ခေါ်ရင် မဝင်တာတွေ အသံမကြည်တာ ၊ ဖုန်းလိုင်း ပြတ်တောက် သွားတာတွေ အမြဲတမ်းဖြစ်နေတယ်။ ရွာဘက်တွေ မှာဆိုရင် ပိုဆိုးတယ်။ တချို့ ဆက်သွယ်ရေး လိုင်းမကောင်းတဲ့ ကျေးရွာတွေမှာဆိုရင် WCDMA ဖုန်း လိုင်းကတ်တွေနဲ့ ပြောလို့ ရတယ်။ ဖုန်းဆက်လို့ မရတာတွေ အင်တာနက် သုံးမရတာတွေ ရှိတယ်။ ရေကြီးပြီး နောက်ပိုင်းမှာလည်း အင်တာနက် လိုင်းပြတ်တောက်တာတွေ လိုင်းနှေး တာတွေ ဖြစ်နေတယ်။”ဟု ဆိုသည်။
ဆိုက်ဘာ နည်းပညာ အသုံးချ၍ ပြည်ပရောက် မြန်မာနိုင်ငံသားက တားမြစ်ချက်များအား ချိုးဖောက်ကျူးလွန်လျှင် ဆိုက်ဘာဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ဥပဒေ တွင်ဖော်ပြထား သည်။
မည်သူမဆို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကိုရယူခြင်းမရှိဘဲ VPN ကို ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်း ပြုလုပ်ပါက အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သိန်းတစ်ရာအောက်မနည်းသော ငွေဒဏ်ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။
ထို့ပြင် မည်သူမဆို အများပြည်သူ ကြည့်ရှုခြင်းငှာ မသင့်လျော်သော သတင်းအချက်အလက်များကို အီလက်ထရောနစ် နည်းပညာဖြင့် ဖြန့်ချိခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူစေခြင်း သို့မဟုတ် ရောင်းချခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဟုပါရှိသည်။
ဆိုက်ဘာဥပဒေအရ ပြည်တွင်းတွင်ဖြစ်စေ၊ နိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင်ထားသော ရေယာဉ် သို့မဟုတ် လေယာဉ်တစ်ခုခုပေါ်တွင်ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများ၊ အမျိုးသားဆိုက်ဘာနယ်ပယ်အတွင်း၌ ဖြစ်စေ၊ အမျိုးသားဆိုက်ဘာနယ်ပယ်နှင့် ချိတ်ဆက်နေသော အခြားဆိုက်ဘာနယ်ပယ်တစ်ခုခု၌ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများကို ကျူးလွန်လျှင် စီရင်ခွင့်ရှိကြောင်း ဥပဒေ ဖော်ပြချက် အရ သိရသည်။
photo internet
#PPV-006
#VPN
#cyberlaw
#shanstate
#phone
#ဆက်သွယ်ရေး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်