ခမ်းသားငေါဝ်း

ဇူလိုင် ၃၁၊ ၂၀၂၅

https://www.facebook.com/share/p/19U9XjUEiA/

စစ်တပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်အာဏာကို ယာယီသမ္မအဖြစ် တာဝန်ယူထားသည့် မင်းအောင်လှိုင်ထံသို့ ပြန်လည်အပ်နှံလိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ(၃၁)ရက်နေ့တွင် စစ်ကောင်စီကထုတ်ပြန်ကြေညာထားသည်။

(၂၀၂၀)ခုနှစ်မဲမသာမာမှုကိစ္စဖြင့်နိုင်ငံတော်အာဏာသိမ်းယူထားသည့် မင်းအောင်လှိုင်သည် စစ်တပ်ဦးစီးချုပ်ရာထူးဖြင့် ရယူထားသည့်နိုင်ငံတော်အာဏာကို အဆုံးသတ်ကာ ယာယီသမ္မတ(တာဝန်) ရာထူးဖြင့် နိုင်ငံတော်အာဏာကို ပြန်လည်ရယူခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများပြုလုပ်နိုင်ရန်နှင့် ထိရောက်စွာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကိုလည်း ထပ်မံဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက တရားဝင်ကြေညာထားသည်။

အသစ်ထပ်မံဖွဲ့စည်းလိုက်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့တွင်လည်း ၎င်းက ဥက္ကဌရာထူးအနေနဲ့သော်လည်းကောင်း၊ ယာယီသမ္မတ(တာဝန်)အနေဖြင့်သော်လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်သော်လည်းကောင်း စသည့်ရာထူးများဖြင့် ဆက်လက်တာဝန်ယူထားဆဲဖြစ်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်းကျင်းပမည့်အထွေထွေရွေးကောက်ပွဲအတွက် အောင်မြင်စွာကျင်းပနိုင်ရန် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ကိုလည်း ဇူလိုင်လ(၂၉)ရက်နေ့တွင် ပြဌာန်းလိုက်သည်။

ထို့အပြင် ဝန်ကြီးချုပ်အသစ်အဖြစ် ဦးညိုစောက ရာထူးအားရယူပြီး ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကော်မရှင်၏ ဒုတိယဥက္ကဌအဖြစ် ဆက်လက်ပါဝင်လာသည်ကို တွေ့ရသည်။

စစ်ကောင်စီနှင့် သက်ဆိုင်သော ဝန်ကြီးအချို့လည်း ယနေ့ဖွဲ့စည်းလိုက်သည့် ကော်မရှင် အဖွဲ့တွင် ဆက်လက်ပါဝင်လာသည်ကို တွေ့ရသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းရခြင်းသည် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းယူခဲ့သည့် (၄)နှစ်ကျော်ကာလအတွင်း ပြည်သူ (၇)ထောင်ကျော် သေဆုံးမှုရှိခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အောင်မြင်သော ပထမစာမျက်နှာဟု ပြောဆိုဂုဏ်ယူကြောင်း သိရသည်။

#PPV007
#PPV0011
ပုံ-အွန်လိုင်း
#နိုင်ငံရေး
#နေပြည်တော်
#ကာလုံအစည်းအဝေး
#နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
#နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7