ခမ်းသားငေါဝ်း
ဇူလိူင် ၃၀၊ ၂၀၂၅

https://www.facebook.com/share/p/1QaHGWmEhK/

ရှမ်းပြည်တောင်ပိုင်း ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ဒေသထွက်ပျား နာနတ်သီးများသည် ယခက်နှစ်ထက် စျေးကောင်း ရရှိနေကြောင်း သိရသည်။

ဆိုက်ခေါင် ဒေသထွက် ပျားနာနတ်သီးသည်တခြားမြို့သို့ရောက်ရှိပါက တစ်လုံး ၉၅၀၀ ကျပ် အထိ ပေါက်စျေးရှိကြောင်း ပျားနာနတ်ရောင်းဝယ်ရေး ပွဲရုံထံမှ သိရသည်။

“ဆိုက်ခေါင်နာနတ်သီးက ချိုလို့ စျေးကောင်းရတယ်။ ဆိုက်ခေါင်မှာ စိုက်ခင်းတွေ မီးရှို့ ခံရတာ ဖျက်ဆီးခံရတာတွေတော့ ရှိတယ်။ နမ့်စန်သီးက ရန်ကုန်ပို့တာများတယ်။ ဆိုက်ခေါင်ပျား နားနတ်သီး နာမည်ကြီးလို့ တလုံး ၇၀၀၀ ကျပ် ကနေ တစ်သောင်းကျပ်အထိ စျေး ရှိတယ်။” ဟု ဆိုက်ခေါင် နာနတ်သီး ရောင်းဝယ်သူက ဆိုသည်။

၂၀၂၃ ခုနှစ် ၊၂၀၂၄ ခုနှစ် စျေးနှုန်းထက်များပြီး ၂၀၂၃ ခုနှစ်တွင် နာနတ်သီး တစ်လုံး ၁၅၀၀ ကျပ် ခန့် ရှိရာမှ ၂၀၂၅ ခုနှစ်တွင် တစ်လုံး ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ် အထိ စျေးကောင်း ရရှိလာနေကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ၊ ပန်လျန်းဆိုင်တွင်လည်း ဒေသထွက် နာနတ်သီး တစ်လုံး လျှင် ၄၀၀၀ ကျပ် ၊ ၃၀၀၀ ကျပ် ရောင်းချကြောင်း သိရသည်။

နမ့်စန်မြို့နယ်ရှိ နာနတ်သီး ရောင်းချသူ စျေးသည် က”ခရီးသည် နည်းတဲ့ နေ့တွေဆို ရောင်းမကောင်းဘူး။ စျေးလျော့ ရောင်းပေးထားတယ်။ နယ်ဝေး တင်ပို့နိုင်ရင် အဆင်ပြေမယ်။”ဟု ဆိုသည်။

ပြည်ပနိုင်ငံများသို့ ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာ့ဒေသထွက်နာနတ်သီး တန်ချိန် ၄၀၀၀၀ ကျော်တင်ပို့နိုင်ရန် လျာထားကြောင်း မြန်မာ့နာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်၊၊

လက်ရှိပြည်တွင်းတွင် နာနတ်သီးစိုက်ဧက ၂ သောင်းကျော်ရှိပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည် နယ်တို့တွင် အများဆုံးစိုက်ပျိုးကာ အထူးသဖြင့် ရှမ်းပြည်နယ်မှထွက်ရှိသည့် အရည်အသွေးမြင့် မြန်မာ့နာနတ်သီးများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေကြောင်းသိရသည်။

#PPV-006
#pineapple
#shanstate
#ဆိုက်ခေါင်နာနတ်သီး
#ပျားနာနတ်
#နမ့်စန်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home