ခမ်းသားငေါဝ်း
ဇူလိုင် ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/193SG4vx5C/
မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် ဝါးလီးရွာအနီး ကောင်တန် ဓာတ်ဆီဆိုင်ရှေ့တွင် ကားလမ်း၌ ရေကြီးနေသဖြင့် ဒေသခံများ သွားလာရန် ခက်ခဲဖြစ်နေရကြောင်း ဒေသခံထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊ဝါးလီးရွာအနီး ကောင်တန်ဓာတ်ဆီဆိုင်နားတွင် ဇူလိူင်လ၂၇ ရင်နေ့ကစပြီး ကားလမ်းပေါ်တွင် ရေကြီးနေသဖြင့် ခရီးသည်တင်ယာဉ်တစ်ချို့နှင့် ဒေသခံများသွားလာရန် အခက်ခဲဖြစ်နေသည်။
“ဒီဖက် ရှောင်လမ်းက မရှိဘူး။အဝေးရီးနမ်းဖာမူဖက်ပြန်ပတ်သွားပြီးမှ ဂျာမနီလမ်းဖက် ပြန်သွား ရတာ။ ခုထိ မိုးကရွာနေသေးတော့ ရေကမကျသေးဘူး။”ဟု ကားဆရာ တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ယင်းနေရာနားတွင် ရေကြီးနေသောကြောင့် ပင်ခွန်စျေး၊ဆောင်းပြောင်းစျေး၊ဝါးလီးစျေး စျေးပတ်လိုက်နေသော စျေးသည်များလည်းသွားလို့မရဘဲဖြစ်နေကြောင်းသိရသည်။
ပင်လောင်းမြို့နယ်တွင် မိုးဖွဲ့ဖွဲ့ဖြင့် ရွာသွန်းသည်မှာ တစ်လနီးပါးရှိပြီဖြစ်သောကြောင့် မြေနိမ့်ပိုင်းရှိ ဒေသခံနေအိမ်များ၊စိုက်ခင်များလည်း ရေမြုပ်လျက်ရှိကြောင်းသိရသည်။
မြေနိမ့်ပိုင်းတွင် ရေဝင်နေခြင်းကြောင့် ကလေးငယ်များသွားဆော့ကစားခြင်း၊ သွားလာခြင်းမပြုရန်လည်း တာဝန်ရှိသူများ သတိပေးထားကြောင်းသိရသည်။
#PPV005
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်လောင်းမြို့နယ်
#ဝါးလီးရွာအနီး
#ကောင်တန်ဓာတ်ဆီဆိုင်
#ကားလမ်းပေါ်တွင်ရေကြီးနေ
#ခရီးသည်တင်ယာဉ်သ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7