ခမ်းသားငေါဝ်း
ဇူလိုင် ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/194VZYTE9y/
စစ်ကောင်စီ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်လျှင် သေဒဏ်အထိ ချမှတ်နိုင်သည့် ဥပဒေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်မှတ်ရေးထိုးပြီး ယမာန်နေ့ ဇူလိုင် (၂၉)ရက်တွင် ပြဌာန်းလိုက်သည်။
စစ်ကောင်စီ ပြဌာန်းလိုက်သည် ထိုဥပဒေမှာ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ”ဟု အမည်တပ်ထားသည့် ပုဒ်မ(၂၉)ခုပါဝင်သည်ကို တွေ့ရသည်။
စစ်ကောင်စီပြဌာန်းလိုက်သည့် ထိုဥပဒေတွင် ရွေးကောက်ပွဲပျက်ပြားစေရန် စုဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာအသုံးပြုခြင်း၊ အခြားသောနည်းဖြင့် ကျူးလွန်ခြင်း၊ မဲပေးစက်ကို ဖျက်ဆီးခြင်း၊ ယူဆောင်ခြင်း၊ ပြစ်မှုထင်ရှားစီရင်ခံရလျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်(၂)ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။
ထို့အပြင် ဥပဒေပုဒ်မ ၂၇တွင် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း ၊ စာရေးသားခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း၊ အပြင်းအထန် နာကျင်စေခြင်း၊ လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း၊ လူသေဆုံးစေခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုအလိုက် အနည်းဆုံး ထောင်ဒဏ် (၃) နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် သေဒဏ်တို့ကို ချမှတ်မည်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဥပဒေအရ ရွေးကောက်ပွဲ လုံခြုံရေးကော်မတီကို ဗဟိုအဆင့်မှ ပြည်နယ်/တိုင်း၊ မြို့နယ်အထိ ဖွဲ့စည်းမည်ဖြစ်ပြီး ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ လူပုဂ္ဂိုလ်လုံခြုံရေးကို လိုအပ်ပါက ပြည်ထဲရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနက လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်နိုင်ကြောင်း ပြဌာန်းထားသည်။
တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖြစ်သောကြောင့် ကန့်ကွက်ကြောင်းနှင့် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်မှု မလုပ်ကြရန် ထုတ်ပြန်ထားသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်ကောင်စီကျင်းပမည့်အထွေထွေရွေးကောက်ပွဲ
#နှောင့်ယှက်လျှင်
#သေဒဏ်အထိချမှတ်နိုင်
#ဥပဒေ
#စစ်ခေါင်းဆောင်မင်းအောင်လှိုင်
#လက်မှတ်ရေးထိုးပြီး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7