ခမ်းသားငေါဝ်း
ဇူလိုင် ၂၉၊ ၂၀၂၅

https://www.facebook.com/share/p/16j8a6BBCW/

တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စုရှိ တီးလုံး-နားဘောင်ရွာသွားသည့်လမ်းတွင် ရေတိုက်စားမှုကြောင့် တံတားပြိုကျခဲ့ရကြောင်းဇူလိုင်လ(၂၉)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စုတွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တီးလုံးရွာနှင့် နားဘောင်ရွာသွားသည့်လမ်းပေါ်၌ ဒေသခံမှကိုယ်ထူကိုထဆောက်ထားသည့်တံတားသည် ရေတိုက်စားမှုကြောင့် ပျက်စီးသွားခဲ့သည်။

“ပြိုကျတာတော့ အရင်ရက်တွေကတည်းကပြိုကျတာထင်တယ်၊ သိပ်မသိသာတာ၊ မနေ့ကသွားစရာရှိလို့ အဲ့ဖက်သွားတာ တံတားကြီးက အရမ်း ပြိုကျနေပြီ၊ သွားလို့မရတော့ဘူး၊ လုပ်တာ မကြာသေးတော့ အရမ်းလည်းနှမြောတယ်၊ သိပ်လည်းမသုံးဖြစ်တော့လေ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောလာသည်။

တီးလုံး-နားဘောင်သွားလမ်းပေါ်ရှိ တံတားသည် တီးလုံးဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များဦးဆောင်ပြီး ရပ်နီးရပ်ဝေးကဒါကာဒါကာမများ၊အလှူရှင်များနဲ့ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထဆောက်လုပ်ခဲ့သည့်လမ်းတံတားဖြစ်ကြောင်း သိရသည်။

နောက်ထပ်ဒေသခံတစ်ဦးက “တံတားဆောက်ပြီးတာမကြာသေးဘူး မိုးတွေရွာတော့ သိပ်မသွားဖြစ်ဘူးလေ၊နှမြောတယ်၊ တစ်ချို့က တံတားလုပ်တုန်းက လုပ်ကူရတယ် လုပ်ပြီးကတည်းမသွားရသေးတဲ့သူတွေလည်းရှိတယ်၊ ဖြစ်ပြီးပျက်တာသဘာဝဘဲ ဆိုပေမဲ့ အချိန်မတန်သေးဘဲပျက်သွားတော့ နှမြောတာပေါ့” ဟုပြောသည်။

ထို့ပြင် ၎င်းတံတားသည် ယခုနှစ်နှစ် ဧပြီ ၁၂ ရက်နေ့ တွင်သာ တံတားဖွင့်ပွဲကျင်းပခဲ့တာဖြစ်ပြီး ဒေသခံများက (၃)လကျော်သာအသုံးပြုရသေးသော်လည်း ဇူလိုင် ၂၈ ရက်၌ ရေတိုက်စားမှုနှင့်အတူ တံတားပြိုကျခဲ့ရကြောင်းသိရသည်။

တံတားပြိုကျပျက်စီးသွားသဖြင့် ယခုချိန်တွင် လူတွေသာသွားလာလို့ရပြီး ကားသွားလာလို့မရသေးသဖြင့် ကားသွားလာခွင့် ယာယီပိတ်ထားရကြောင်း သိရသည်။

PPV10
ပုံ-အွန်လိုင်း
#သဘာဝဘေး
#တောင်ကြီးမြို့နယ်
#ဖာမွန်းကျေးရွာအုပ်စု
#မိုးအဆက်မပြတ်ရွာသွန်းမှု
#တီးလုံးရွာ
#နားဘောင်ရွာသွားသည့်လမ်း
#ဒေသခံမှကိုယ်ထူကိုထဆောက်ထား
#တံတား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7