ခမ်းသားငေါဝ်း
ဇူလိုင် ၃၀၊ ၂၀၂၅
https://www.facebook.com/share/v/19Y8dVEfu1/
ပင်းတယမြို့နယ်ရှိ သိမ်းကုန်ရွာ၊ ကုန်းစောင်းရွာအပြင် ဇော်ဂျီမြစ်ဘေးအနီးရှိ ကျေးရွာမှ စိုက်ခင်းများ ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးသွားကြောင်းဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ဇော်ဂျီမြစ်သည် ပြီးခဲ့သည့် ဇူလိုင်လ (၂၆)ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ ရေလျှံကာ မြစ်ဘေးပတ်လည်ရှိ ကျေးရွာ၏ ပြောင်း၊ စပါး စိုက်ခင်းများနှင့် ရာသီသီးနှံစိုက်ထားသည့် လယ်ဧရိယာအများအပြားပျက်စီးသွားသည်။
“လမ်းတွေလည်းဘာမှာမရှိတာ့ဘူး စိုက်ခင်းတွေလည်းအကုန်ပျက်စီး သစ်တုံး ကျောက်တုံးတွေကလည်း အကြီးတွေပဲတောင်ပေါ်က ကျလာတဲ့ ကျောက်တုံးတွေက၊ အကုန်လုံးနီးပါး ပါတယ် ဘာမှမရှိတော့ဘူးပဲ၊ အခုလည်း ပြောင်းရခါလည်းနီးနေပြီးဆိုတော့ပြောင်းတွေလည်းသေကုန် ဘာမှလည်း လုပ်မရဘူး”ဟု ဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကိုပြောသည်။
ထို့ပြင် ဇော်ဂျီမြစ်ဘေးတစ်လျှာက် ရွှေပုထိုး၊ မိုင်းအင်း၊ကံသာ စသည့် ကျေးရွာများမှစိုက်ပျိုးထားသည့် စပါးစိုက်ခင်းလည်း ပျက်စီးဆုံးရှုံး၍ ယခုနှစ်အတွက် ဆန်ရဖို့ရန်မရှိတော့ကြောင်း၎င်းကဆက်ပြောသည်။
ပင်းတယမြို့ စိုက်ခင်းများ ပျက်ဆီးသွားသည့် ဒေသများမှာသိမ်းကုန်၊ ကုန်းစောင်း၊ ကံသာ၊ အုံအက်၊ တပ်ကြီး၊ ရွှေပုထိုး၊ နောင်တခေါ၊ ဇော်ဂျီ၊ မိုင်းအင်နှင့်သပြေကုန်း စသည့်ကျေးရွာများဖြစ်သည်။
ထို့ပြင် ပင်းတယမြို့နယ် အနီးရှိ ကျေးရွာများဖြစ်သည့် ရေဖြူ၊ ကျောက်တော၊ ရွှေပုထိုး၊ လယ်ပြင်၊ မိုင်းအင် အစရှိသည့် ကျေးရွာများ၌ အစေ့ထုတ်ပြောင်းများကို အများဆုံးစိုက်ပျိုးလျက်ရှိရာ မိုးဦးကာလဖြစ်သည့် မေလတတိယအပတ်တွင် စတင်စိုက်ပျိုး လေ့ရှိကြောင်းသိရသည်။
PPV0013
ဗွီဒီယို-အွန်လိုင်း
#သဘာဝဘေး
#ပင်းတယမြို့နယ်
#သိမ်းကုန်ရွာ
#ကုန်းစောင်းရွာ
#ဇော်ဂျီမြစ်ဘေးအနီး
#စိုက်ခင်းများ
#ရေကြီး
#ရေလျှံမှု
#စိုက်ခင်းပျက်စီးသွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7