ခမ်းသားငေါဝ်း
ဇူလိုင် ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/19ESzNSrYK/
စငေါကျေးရွာအုပ်စုရှိ နမ့်ဟူး-စငေါ-ဟိုပုံးသွားလမ်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တံတားနှင့် စပါးစိုက်ခင်းများပျက်စီးသွားကြောင်း ဇူလိုင်လ (၃၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စုတွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ဟူး-စငေါ-ဟိုပုံးသွားလမ်းပေါ်၌ တံတားတစ်စင်းနှင့် စပါးစိုက်ခင်းများ ပျက်စီးသွားသည်။
“လူတွေတော့ထိခိုက်မှုမရှိဘူး၊ တံတားလည်းပျက်စီးသွားတယ်၊ စပါးစိုက်ခင်းတွေလည်းအများကြီး ပါသွားတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
နမ့်ဟူး-စငေါရွာသွားလမ်းသည် နမ့်ဟူးနှင့်စငေါရွာဒေသခံများ အဓိကအသုံးပြုသည့်လမ်းဖြစ် ကြောင်းသိရသည်။
“တံတားလည်းပျက်၊ မိုးလည်းနေ့တိုင်းလိုလိုရွာနေတော့ အပြင်လည်းမထွက်ဖြစ်ဘူး၊ စျေးဆိုင်သမားတွေတော့ အခက်ပိုတွေ့တာပေါ့ ၊ ကျွန်မစပါးခင်းလည်းပါသွားတယ် ဒီနှစ်တော့ စားဖို့တွက်လောက်ပါ့မလားမသိ”ဟု၎င်းက ပြောသည်။
ဒေသခံများအဓိကအသုံးပြုနေသည့်တံတားနှင့်စိုက်ခင်းများ ပျက်စီးသွားသည့်အတွက်ကြောင့် သွားလာရေး အခက်အခဲကြုံတွေ့နေရပြီး လာမည့်နှစ်တွင်စားဝတ်ရေးအတွက် မဖူလုံမှာကိုလည်းစိုးရိမ်နေကြရကြောင်းသိရသည်။
မဲနယ်တောင်ဒေသသည် ယခင်နှစ်၌ ယာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံ၊ မြေပြိုမှု၊ လမ်းတံတားပျက်စီးမှုကြုံတွေ့ခဲ့ရပြီး ဒေသခံနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့သေးကြောင်း သိရသည်။
#PPV10
ပုံ-အွန်လိုင်
#သဘာဝဘေး
#ဟိုပုံးမြို့နယ်
#စငေါကျေးရွာအုပ်စု
#မိုးအဆက်မပြတ်ရွာသွန်းမှု
#နမ့်ဟူး-စငေါ
#ဟိုပုံးသွားလမ်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7