ခမ်းသားငေါဝ်း
ဇူလိူင် ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/19g2sKPh8v/
ရွာငံမြို့နယ်၊ မြိုင်စံပြကျေးရွာ တောင်ဘက် လမ်းပိုင်းတစ်နေရာတွင် ချောင်းရေကျော်ပြီး မိုးရေစီးကြောင်းကြောင့် လမ်းသားများပျက်စီးသွားကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်စံပြကျေးရွာ တောင်ဘက်တစ်နေရာ ရှိ ရွာငံ- အောင်ပန်း-တောင်ကြီးသွား လမ်းပိုင်းတစ်နေရာ၌ ဇူလိုင်လ ၂၈ ရက်နေ့တွင် မိုးရေများချောင်းရေလျှံကာ လမ်းသားပျက်စီးသွားသည်။
” ရွာငံ-အောင်ပန်း အဓိကသွားလို့ရတဲ့လမ်းမကြီးပါဗျ၊ မြိုင်ကျေးရွာတောင်ဖက်ကတော့ လမ်းပိုင်းပျက်စီးသွားလို့ လတ်တလော ယာယီသွားလို့ရအောင်တော့ ယာယီလမ်းလုပ်ပေးထားတယ်လို့သိရပါတယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
မြိုင်ကျေးရွာမြောက်ဖက်လမ်းတွင်လည်း ချောင်းရေကျော်နေသေးသောကြောင့် ဖြတ်သန်းသွားလာ၍မရသေး ကြောင်းသိရသည်။
” လက်ရှိမှာတော့ မိုးရွာသွန်းမှုကနည်းသွားပါပြီ၊ ဒီမြိုင်ကျေးရွာရဲ့ မြောက်ဖက်လမ်း မှာလည်း ငုတ်ချောင်းကနေ ရေတစ်ပေလောက်ထိစီးပြီးကျန်နေသေးတာမို့ အဲ့ဖက်လည်းဖြတ်လို့မရသေးဘူး” ဟု ၎င်း ကဆက်ပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရှမ်းပြည်တောင်ပိုင်း ကလော၊ ညောင်ရွေ၊ ရွာငံ၊ ပင်းတယ နှင့် ရှမ်းအရှေ့ တာချီလိတ်မြို့တို့တွင် ရေကြီး၊ ရေလျှံမှုများနှင့်ကြုံတွေ့နေရကြောင်းသိရသည်။
#PPV 003
#shanstate
#naturaldisaster
#ywangan
#လမ်းပျက်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်