ခမ်းသားငေါဝ်း
ဇူလိူင် ၃၀၊ ၂၀၂၅

https://www.facebook.com/share/p/1FMGaPcpGH/

မိုးဆက်တိုက်ရွာသွန်းပြီးရေကြီးမှုကြောင့်ဆီဆိုင်မြို့နယ်၊ဝါးတောရွာရှိပြောင်းခြံနှင့်လယ်များရေမြှုပ်ကုန်ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဝါးတော ရွာတွင်မိုးများပြီးချောင်းရေတက်ခြင်းနှင့်တောင်ကျရေကြောင့်ဝါးပြောင်းခြံနှင့်လယ်များရေမြုပ်ကြောင်းဇူလိုင် ၃၀ ရက်နေ့တွင်သိရသည်။

“အမလည်းရေမြုပ်တဲ့ထဲပြောင်းခြံ၁၅ဧကပါတယ် ခုထိရေမကျသေးဘူး ပြောင်းပင်တွေအကုန်မြုပ် မျိုးစေ့ဖိုးမြေသြဇာဖိုးတင် သိန်း ၁၀၀ နားကပ်နေပြီအမတို့ခြံနဲ့ရွာထဲကအခြားလူတွေရဲ့ခြံလည်းရေမြုပ်ခံရတာအများကြီး လယ်တွေဆိုရေပြင်ကြီးအကုန်ဖြစ်နေတာအမဆိုအဲခြံဝယ်ထားတာ၂ နှစ်ဘဲရှိသေးတယ် ပထမနှစ်ကစစ်ဘေးကြောင့်မစိုက်လိုက်ရဘူး ဒီနှစ်တော့ရေမြုပ်”ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဝါးတောရွာတွင်ယခုနှစ်မျိုးပြောင်းခြံနှင့်လယ်မျာရေးမြုပ်သည်ထိ မိုးကြီး​​ကြီး​ခြင်း မျိုး​မကြုံခဲ့ရဖူးသေးကြောင်းသိရသည်။

ထို့အပြင်ဆီဆိုင်မြို့နယ်ရှိနောင်ကျောအုပ်စု၊နောင်ယွေးကျေးရွာ၊နောင်ရင်းကျေးရွာနှင့်ကန်တော်လေးကျေးရွာတို့တွင်လည်း တောင်သူများပြောင်းခြံနှင့်လယ်ယာများရေနှစ်မြှုပ်မှုဖြစ်ပေါ်နေကြောင်းသိရသည်။

#PPV-009
#naturalwater
#ဆီဆိုင်
#waterflooded
#farmland
#ဝါးတော

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home