ခမ်းသားငေါဝ်း
ဇူလိူင် ၂၉၊ ၂၀၂၅
https://www.facebook.com/share/v/14GrVF7odtC/
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်းတယမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပြီး ကျေးရွာရှိလမ်း တံတားများပြိုကြပျက်ဆီးသွားပြီးဒေသခံများသွားလာရေးအလယခက်ခဲကြုံတွေ့နေရ ကြောင်းသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်းတယမြို့နယ်အတွင်းရှိ သိမ်ကုန်းကျေးရွာအုပ်စုရှိ ကုန်းစောင်း ကျေးရွာ တံတား နှင့် ပန်းစစ်ကျေးရွာအုပ်စုရှိ ကြံခင်းမြောက်ရွာ တံတားများအပြင် ပင်းတယ-ရပ်စောက်လမ်း မိုင်းအင်းတံတားသည် ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် တံတားများ ပြိုကျခြင်း၊ ကျောက်ပြိုကျခြင်းတို့ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“အခုလောလောဆယ်တော့ ကုန်းစောင်းရွာမှ တံတားတွေကျိုးတယ် ရွာကိုသွားလို့မရဘူး ၊ပိုဆိုးတာ သိမ်းကုန်းရွာ ကိုတောင်သွားလာလို့မရဘူးဖြစ် နေတယ်၊ပစ္စည်းသွားပို့ဖို့တောင်မှ လူသွားလမ်းကနေပြီးတော့ပဲ ရွာသားတွေ သယ်ပေးမှရမယ်၊သွားလို့ကိုမရဘူး”ဟု ဒေသခံတစ်ဦးမှ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့ ည ၁၂ နာရီခန့်တွင် ရေကြီးမှုဖြစ်ပွားခဲ့ပြီး ဒေသခံများအိမ်မောကျချိန်ဖြစ်သောကြောင့် ဘေးလွတ်ရာပြေးရန် အချိန်မရှိသဖြင့် ဒေသခံများ၏ နေအိမ် ၁၂လုံး နှင့် သေဆုံးသူ ၈ ဦး ရှိခဲ့ ကြောင်းသိရပါသည်။
ထို့ပြင် ဒေသခံတချို့ မိမိကျေးရွာသို့ ပြန်မရနိုင်သည့်အခြေအနေဖြစ်လာခဲ့သဖြင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသလို အဝတ်အစား၊ စောင်းနှင့်အခင်း၊ သောက်သုံးရေများ အရေးပေါ်လိုအပ် နေကြောင်းသိရပါသည်။
ပင်းတယဒေသခံများအနေဖြင့် ဤကဲ့သို့သောဖြစ်ရပ်မျိုးကို တခါမှ မကြုံဖူးသေးခြင်းကြောင့် စိတ်တုန်လှုပ်နေ ကြပြီး၊ လက်ရှိတွင် ပျက်စီးသွားသည့် တံတားများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးနှင့် ယာယီသွားလာနိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေလုပ်ဆောင်နေကြောင်းသိရပါသည်။
video cj
#ppv013
#pintaya
#naturaldisaster
#လမ်းပျက်
#ပင်းတယ
#သဘာဝဘေး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်