ခမ်းသားငေါဝ်း
ဇူလိုင် ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/1C5SnEtVJM/
ရှမ်းပြည်နယ် ဟိုပုံးမြို့အခြေစိုက် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(တကန)တွင် ဖွင့်လှစ်သည့် စစ်မှုထမ်း သင်တန်းအပတ်စဉ်(၉)မှ သင်တန်းသား(၁)ဦး ရိုက်နှက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း MDSIက ဇူလိုင်(၂၉)ရက်၌ ထုတ်ပြန်ထားသည်။
အဆိုပါ သင်တန်းသားသည် ထွက်ပြေးချိန် PNO ပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးရမိပြီး သင်တန်းကျောင်းသို့ ပြန်လည်အပ်နှံခြင်း ဖြစ်ကြောင်း MDSI မှ ဖော်ပြထားသည်။
“သင်တန်းဖွင့်ပြီး ၁ လလောက်အကြာမှာ သင်တန်းသား ၄ ယောက်ထွက်ပြေးတာ အဲ့ထဲကပြန်ဖမ်းမိတဲ့ ၁ ယောက်ကို နည်းပြဗိုလ်ကြီးနဲ့ အဖွဲ့တွေ တညလုံး ရိုက်နှက်ရင်း လက်လွန်ပြီး သေသွားတာ”ဟု သတင်းရင်းမြစ်က MDSIသို့ ဖြေကြားထားသည်ကို ဖော်ပြထားသည်။
ရိုက်နှက်ခံရရင်း သေဆုံးသွားသည့် သင်တန်းသားကို ကျန်းမာရေးကြောင့် သေဆုံးသွားရခြင်း ဖြစ်ကြောင်း မိဘဖြစ်သူထံ ကျောင်းအုပ်ဖြစ်သူ ဗိုလ်မှူးချုပ်သန့်ထင်စိုး ကိုယ်တိုင် လိမ်လည်အကြောင်းကြားစေခဲ့ကြောင်း ဖော်ပြထားသည်။
တကန ဟိုပုံးသည် ပြည်သူ့စစ်မှုထမ်း(ပစ) သင်တန်းကို အများဆုံး လက်ခံလေ့ကျင့်ပေးနေသည့် ကျောင်း ဖြစ်ပြီး အပတ်စဉ်လိုက် သင်တန်းသား ပျမ်းမျှ(၅၀၀)ဝန်းကျင် လေ့ကျင့်ပေးနေသော ကျောင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီသည် စစ်မှုထမ်း သင်တန်းဆင်း တပ်သားများကို လူသားဒိုင်းအဖြစ် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်အသုံးချနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSIက ထုတ်ပြန်ထားသည်။
PPV0011
ပုံ-MDSI
#လူ့အခွင့်အရေး
#ဟိုပုံးမြို့အခြေစိုက်
#တပ်မတော်ကွန်ပျူတာ
#နည်းပညာသိပ္ပံ(တကန)
#စစ်မှုထမ်းသင်တန်း
#ရိုက်နှက်ခံရပြီးသေဆုံးသွားခဲ့
#MDSI
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7