ခမ်းသားငေါဝ်း
ဇူလိုင် ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/1GZTYRyUNP/
ပင်းတယမြို့နယ်ရှိ ကုန်းစောင်းကျေးရွာတွင် ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်းအချိန် တောင်ကျရေကြောင့် ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု နှစ်စု ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် မိသားစုဝင်၂ လည်းရှိ ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင်းရှိ သိမ်းကုန်း ကျေးရွာအုပ်စု ကုန်းစောင်းရွာတွင် တောင်ကျရေကြောင့် ရေကြီးမှုဖြစ်ပွားပြီး ဒေသရှိနေအိမ် (၁၇) လုံး အလုံးစုံပြိုကျ ပျက်စီးခဲ့သလို့ ရေနှင့်မျောပါ သွားသည့် သေဆုံးသူ ၈ ဦးအထိရှိခဲ့သည်။
“ရှစ်ယောက်မှာ ခြောက်ယောက်က ပြန်တွေ့ပြီး နှစ်ယောက်ကမတွေ့သေးဘူး၊ အခုထိ တော့ ရှာလို့မတွ့သေးဘူးဆိုတော့လောလာဆယ် အဲ့နှစ်ယာက်ကိုလည်း သေဆုံးစာရင်းထဲထည့်လိုက်တယ်၊ ခြောက် ယောက် ကတော့ သင်းဂြိုလ်ပြီးသွားပြီး”ဟု ဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကိုပြောသည်။
သေဆုံးသူများသည် မိသားစုလိုက် သေဆုံးပြီး မိသားစုဝင် (၃)ဦး စီဖြင့် နှစ်စု၊ ပျောက်ဆုံးနေသည့် မိသားစုဝင် (၂)ဦးအား ဆက်လက်ရှာဖွေ နေကြောင်း၎င်းက ဆက်ပြောသည်။
“ရွာလမ်း တွေလုံးဝကြီး မရှိတော့ဘူး ပြတ်ထွက်သွားပြီးတော့ လမ်းတွေလည်းမရှိ တံတား တွေလမ်းကျိုးကုန် ချောင်းအကျယ်ကြီးဖြစ်ကုန်တဲ့အခါကြတော့ ကူးလို့လည်းမရတော့ဘူး အဲ့ရွာကိုသွားတဲ့လမ်းက ဘယ်ဘက်မှာမရှိ တော့ဘူး” ဟု ဒေသခံတစ်ဦးမှ ပြောသည်။
ဒေသခံများနှင့် ဒဏ်ရာ အနည်းငယ် ထိခိုက်သူများ သိမ်းကုန်းကျောင်းတွင် ဆေးကုသမှုခံယူနေ ကြောင်းနှင့် တံတားပျက်ဆီးမှု ကြောင့် ကုန်းစောင်း ကျေးရွာတွင် ထိခိုက်ဒဏ်ရာရရှိသူများလည်း ကျန်ရှိနေ ကြောင်းသိရပါသည်။
ကုန်းစောင်း ကျေးရွာရှိ နေအိမ် (၁၂)လုံး၊အုံအက်ရွာမှ (၅)လုံး နေအိမ်စုစုပေါင်း (၁၇)လုံး လုံးဝပျက်စီးခဲ့ပြီး အပြင်းထန်ထိခိုက်ဒဏ်ရာရသူ (၄) ဦးလည်းရှိ ကြောင်းသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်းတယမြို့နယ်
#ကုန်းစောင်းကျေးရွာ
#တောင်ကျရေ
#ရေကြီးရေလျှံမှုဖြစ်ပွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7