ခမ်းသားငေါဝ်း
ဇူလိူင် ၂၉၊ ၂၀၂၅

https://www.facebook.com/share/p/1LknEHwjUA/

ပိတ်မိဖယ်ခုံစစ်ရှောင်များ (၁၀)ရက်ကျော်ကြာ လမ်းလျှောက်ထွက်ရသည့်စစ်ရှောင် ၃၀၀ ကျော်ကိုကရင်နီပြည် စစ်ဘေးရှောင်ကူညီကယ်ဆယ်ရးအဖွဲ့မှ ကူညီကယ်ဆယ်နိုင်ခဲ့ ကြောင်းသိရပါသည်။

စစ်ကောင်စီ နှင့် PNO ပြည်သူစစ်တို့ ထိုးစစ်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ပိတ်မိနေသည့် ဒေသခံ ၃၀၀ကျော်သည် ဘေးလွတ်ရာသို့ ရွေ့ပြောင်းရာ ဆယ်ရက် ကျော်ကြာလမ်းလျှောက်ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကရင်နီပြည် စစ်ဘေးရှောင်ကူညီကယ်ဆယ်ရးအဖွဲ့မှ ကူညီ နိုင်ခဲ့ကြောင်း သိရပါသည်။

“သွားကြိုတဲ့လမ်းမှာလည်း လမ်းကတော်တော်ဆိုးတယ်ဗျာ ကားကလည်း ကောင်းနေ မှသွားလို့လာလို့အဆင်ပြေတဲ့နေရာ ဆိုတော့လေ ဆီတွေခက်ခဲတယ်ဗျာ၊ စစ်ရှောင်တွေ အတွက်ကတော့ မိုးကာတွေရိက္ခာတွေလိုအပ်နေပါတယ်”ဟု ကရင်နီပြည်ကူညီကယ်ဆယ် ရေးအဖွဲ့မှတာဝန်ရှိသူက ခမ်းသားငေါဝ်းကို ပြောသည်။

မိုးတွင်းကာလအတွင် စစ်ဘေးရှောင်ရာတွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်လည်းပါရှိ ကြောင်းနှင့် အခက်အခဲများစွာကြုံ တွေ့ရပြီး စား‌သောက်ဖို့ရန်အတွက် များစွာလိုအပ်ချက်ရှိ ကြောင်း၎င်းကဆက်ပြောသည်။

ဇွန်လဆန်းမှစ၍ ဖယ်ခုံအင်းအရှေ့ခြမ်း ကျေးရွာများကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က စစ်ကြောင်း ထိုးလာသောကြောင့် ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးခဲ့ကြရသည်။

မိုးဗြဲလွိုင်ကော်လမ်းပိုင်းကို စစ်ကောင်စီပြန်လည်ထိန်းချုပ်နိုင်ပြီး ဖယ်ခုံအရှေ့ဘက်ခြမ်းကို လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ဒေသခံများတဖန်စစ်ရှောင်နေရခြင်းဖြစ်သည်။

photo credit

#PPV0013
#shan state
#karenni state
#စစ်ရှောင်ကယ်ထုတ်
#Humanright
#ဖယ်ခုံ
#ဆယ်ရက်ကြာ
#စစ်ကြောင်းထိုး

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home

You missed