ခမ်းသားငေါဝ်း

ဇူလိုင် ၂၈၊ ၂၀၂၅

https://www.facebook.com/share/p/19efzv5jLg/

ညောင်ရွှေနှင့် ပင်လောင်းမြို့နယ်တို့တွင် မိုးအဆက်ရွာသွန်းမှုကြောင့် ချောင်းရေများတက်ကာ ချောင်းအနီးရှိ နေအိမ်များနှင့် အနိမ့်ပိုင်းဒေသတို့တွင် နေအိမ်အထိ ရေများဝင်ရောက်နေကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေနှင့်ပင်လောင်း မြို့နယ်တို့တွင် ဇူလိုင်လ ၂၂ ရက်နေ့မှစတင်ကာ မိုးများဆက်တိုက်ရွာသွန်းမှုကြောင့် ညောင်ရွှေ ကန်တော်ကန်နှင့် မြို့ဝင်ရှိ ဝဲတွင်းကန် ၊ ကန်စည်တို့တွင် ရေမြှင့်တက်လာသဖြင့် ပင်လောင်းမြို့နယ်တွင်တောင်ကျရေများကြာင့် ချောင်းရေတက်ကာ အနိမ့်ပိုင်းရပ်ကွက်အချို့နေအိမ်များသို့ ရေများဝင်ရောက်နေသည်။

” မိုးကအရမ်းကြီးတာ သုံးရက်လောက်ရှိပြီ ညောင်ရွှေဘက် ၊ မိုင်းလီ‌ ချောင်းရေကြီး‌တော့ အိမ်ထဲကို သုံးပေ၊ လေးပေ လောက်ရှိပြီး ရေဝင်တာက၊ညပစ္စည်း တွေကတော့ အမြင့်ပိုင်းမှ ထားထားရတယ်”ဟု ညောင်‌ရွှေ ဒေသခံတစ်ဦးမှပြောသည်။

ထို့ပြင် ညောင်ရွှေမြို့အဝင် ကန်သာရပ်ကွက်‌အောက်၊ ဈေးအနောက်ဘက်ခြမ်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် မိုင်းလီရပ်ကွက် စတင်ရပ်ကွက်များတွင် ရေများနေအိမ်သို့ ဝင်ရောက် နေပြီးဖြစ်ကြောင်းသိရသည်။

အလားတူ ပင်လောင်းမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက် ချောင်းအနီးရှိ နေအိမ်တချို့လည်းရေများဝင် ရောက် နေကြောင်းသိရသည်။

“ဒီတစ်ရက်နှစ်ရက်မိုးပိုများလာတော့ ၊ မနေ့ည တောက်လျှောက်ရွာတော့ ရေတက်လာတာ ထ၂ ကျောင်းရှေ့၊ မြို့ပေါ်က ချောင်းဘေးကရေလျှံတာ တောင်ကျ ရေကော မြို့ထဲက မြောင်းရေတွေကော ရေက မိုးအရမ်းများတက်လာတာတော့၊ အခုလည်း ရေပိုတက်လာနေတယ်” ဟု ပင်လောင်းမြို့ခံတစ်ဦးမှ ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေ၊ပင်လောင်း၊အောင်ပန်း၊ကလောနှင့် ပင်းတယစသည့် မြို့များတွင် ရေကြီး‌၊ ရေလျှံမှုများဖြစ်ပွားပြီး တချို့ဒေသတွင် ဖုန်းလိုင်းများပြတ်တောက်ကာ လျှပ်စီးမီးလည်း ပျက်တောက်နေ ကြောင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ညောင်ရွှေ
#ပင်လောင်းမြို့
#မိုးအဆက်ရွာသွန်းမှု
#ချောင်းရေများတက်
#ချောင်းအနီးရှိနေအိမ်များ
#အနိမ့်ပိုင်းဒေသ
#နေအိမ်အထိရေများဝင်ရောက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed