ခမ်းသားငေါဝ်း
ဇူလိုင် ၂၉၊ ၂၀၂၅

https://www.facebook.com/share/p/1CK23zqVrC/

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မန်ဝိန်းကျေးရွာ နေထိုင်သူ စိုင်းဆမ်ထွန်းကိုပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ရင်းမှူးတစ်ဦး က ပစ်ခတ်လိုက်၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

အဆိုပါကိစ္စနှင့် ပါတ်သက်ပြီး ကျန်ရစ်သူ မိသားစု ဆွေမျိုးများ မှ တရားမျှတမှုရရှိအောင် အရေးယူဆောင်ရွက်ပေးဖို့ ဇူလိုင်လ ၁၉ ရက်နေ့တွင် တောင်းဆိုထား​ခြင်းဖြစ် သည်။

သက်ဆိုင်ရာမိသားစုဆွေမျိုးများ နှင့် ဒေသခံများတောင်းဆိုထားသည့်အတိုင်း ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၉ နာရီအချိန်တွင် ကျန်ရစ်သူ စိုင်းဆိုင်ထွမ်း၏ မိသားစုဝင်များ ကျေနပ်သည်အထိ နစ်နာကြေးများကူညီပေးကာ လုပ်ငန်းတာဝန်ပေါ့ဆ မှုကြောင့် (၁၈၀) တပ်ရင်းမှူးကိုလည်း ထိုက်သင့်သည့် ပစ်ဒဏ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း SSPP ကဆိုသည်။

အဆိုပါကိစ္စရပ်များကို ကွန်လွန်သူ၏ မိသားစုဝင်များ၊ ကျေးရွာလူကြီးများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့် SSPP/SSA တာဝန်ရှိသူများ အများသက်သေရှေ့မှောက်တွင် နှစ်ဖက်တွေ့ဆုံညှိနှိုင်းပြီး ပြေလည်စွာသဘောတူညီမှုရရှိခဲ့ကြောင်း SSPP ကထုတ်ပြန်ထားသည်။

#PPV 003
#Humanright
#SSPP/SSA
#မန်ဝိန်း
#shanstate

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home

You missed