ခမ်းသားငေါဝ်း
ဇူလိုင် ၂၈၊ ၂၀၂၅
https://www.facebook.com/share/p/16kTxGpang/
တောင်ကြီးမှ လွိုင်လင်သို့ သွားရာ တောင်ပတ်လမ်းတစ်လျှောက် ဆိုးရွားစွာ ပျက်စီးနေသည့်အပြင် စစ်ဆေးရေးဂိတ်ကြောင့် ခရီးသည်များ အချိန်ဆုံး၊ ကုန်ကျ စရိတ်မြင့်တက်ခဲ့ရကြောင်း သိရရှိသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ နယ်ထမ်ဆမ်းဂူအကျော်၊ မိုင်းပွန်တောင်တက်လမ်းနှင့် လွိုင်လင်ဝင်မိုက်ခရိုဝေ့ လမ်းကြားတွင် မြေပြိုခြင်း၊ ကျောက်တုံးကျောက်စိုင်များကြောင့် မော်တော်ယာဉ်များ သုံးနာရီကျော်ကြာ မောင်းနှင်နေရကြောင်း ယာဉ်မောင်းအချို့က ပြော သည်။
“ အခု ဒီလမ်းပိုင်းမှာ အမြဲတမ်း ကားမှောက်မှုတွေ ဖြစ်တယ်။ အရင် တစ်ပတ်တုန်းကပဲ နှစ်ကြိမ် ဆက်တိုက် ဖြစ်တာ ၊ မဲနယ်တောင် အတက်လမ်းနားမှာ ချောက်ထဲ ထိုးကျတာ တစ်ကြိမ် ၊ လွိုင်လင် အတက်လမ်းနားမှာ တစ်ကြိမ် ကရိန်းကား သံကြိုးနဲ့ ဆွဲတင်နေတာ တွေ့ရတယ်။”ဟု ယာဉ်မောင်း တစ်ဦးကပြော သည်။
ထမ်ဆမ်းဂူ အကျော်နားတွင် လမ်းကျဉ်းတောင်ပတ် လမ်း နှစ်နေရာရှိပြီး ၊ တစ်ဖက် ချောက်အတွင်း မြေအမာခံ မရှိသဖြင့် မြေကြီးများ၊ ကျောက်တုံးများကို ချောက်တွင်း ပစ်ချကာ ၊ ကွန်ကရစ်များ သွန်ချသော နည်းလမ်းဖြင့် လမ်းပြင်ဆင်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ထိုသို့ တောင်ကြီး – လွိုင်လင် သွားလမ်း ယာဉ်ကြော ကြပ်တည်းခြင်း ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ပင်လုံ – ကျောက်တန်းလမ်းကို ပြောင်းလဲ မောင်းနှင်သော ယာဉ်လိုင်းများလည်း ရှိကြောင်း ယာဉ်မောင်း ဆရာက ဆိုသည်။
ထို့ပြင် ထိုလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များလည်း အစစ်ဆေးအရမ်းတပ်းကြပ်စွာလုပ်ဆောင်သည်။
ယာဉ်မောင်းနောက်တစ်ဦးက”နမ့်စန်က ပြန်လာတဲ့ ကားတွေက အင်မတန် စစ်တယ်။ တိုးဂိတ်မှာ ခရီးသည်အကုန် ဆင်းပြီး အိတ်တွေ ဖွင့်ဖောက်ကြည့်တယ်။ ကားနောက်ဖုံး ဖွင့်ကြည့်ပြီး အဝတ်အိတ်တွေကို တစ်ခု မကျန် ဖွင့်ဖောက် စစ်ဆေးတယ်။ မူးယစ်ဆေးတွေ ပါလားလို့ ရဲတပ်ဖွဲ့ စစ်တာ၊ အဲလို နှစ်ဂိတ် လောက် စစ်တာ ရှိတယ်။”ဟု ပြောသည်။
ထိုလမ်းပိုင်းနေရာများသည် နှစ်ပေါင်း ၁၅ နှစ် အတွင်း ကောင်းကောင်းမွန်မွန် ပြင်ဆင်ပေးခြင်း မရှိခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း ဖြစ်ကြောင်းယာဥ်မောင်းများက ဆိုသည်။
“လမ်းက စနစ်တကျ မပြင်ရင် ဘာမှ မဖြေရှင်းနိုင်ဘူး။ ကားတွေ တန်းစီနေတာနဲ့ အချိန်ကုန်တာတွေလည်း အလုပ်အကိုင်ပျက်သွားတတ်တယ်။”ဟု ယာဥ်မောင်းတစ်ဦးကဆိုသည်။
အဆိုပါ တောင်ကြီး – လွိုင်လင် – နမ့်စန် လမ်းပိုင်းကို နေမင်းရောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ပြီး နှစ်ရှည် လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
လမ်းကို BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျှက်ရှိသည့်နေမင်းရောင် ကုမ္ပဏီမှ တောင်ကြီး-လွိုင်လင်-နမ့်စန် လမ်းပိုင်းတွင် လွိုင်လင်ခရိုင်အတွင်းရှိ နမ့်စန်လမ်းအသုံးပြုခ ကောက်ခံ နေသော ယခင်နေရာကို ပယ်ဖျက်ခဲ့ကာ နမ့်စန်မြို့ မိုင်တိုင် ၁၈၄/၅ နှင့် ၁၈၄/၇ ကြားတွင် Toll Gate အသစ်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#ppv006
#လမ်းပန်းဆက်သွယ်ရေး
#တောင်ကြီး လွိုင်လင်
#နေမင်းရောင်
#လမ်းပျက်
#အခက်အခဲဖြစ်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်