ခမ်းသားငေါဝ်း

ဇူလိုင် ၂၈၊ ၂၀၂၅

https://www.facebook.com/share/p/1G35HBzEHj/

ပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုနှင့် ကုန်းစောင်းရွာတို့တွင် တောင်ကျရေကြောင့်ရေကြီး၍ လူအသေပျောက်ရှိနေကြောင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာနှင့် ကုန်းစောင်းရွာတို့တွင် မနေ့ညမှစတင်၍မိုးများပြီး တောင်ကျရေကြောင့် ကျေးရွာတွင်းသို့ ရေကြီးမှု ဖြစ်ပွားပြီး လူအသေပျောက်ရှိကာ ကယ်ဆယ်ရေး လိုအပ်ချက်များလည်းရှိနေသည်။

“မနေ့ညတင်မှရွာတာ၊ တောင်ရေကျတာ၊ အလောင်းပြန်တွေ့တာက ၄ ယောက်ရှိပြီ၊ လူတွေရေထဲမျှောပါသွားတာ ၊အခုဆက်ရှာနေတုန်းပါ၊ မိုးလည်းမတိတ်သေးဘူး ကယ်ဆယ်ရေးသမားတွေနည်းတယ်” ဟု သိမ်ကုန်း ဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောသည်။

ထို့ပြင် သိမ်ကုန်းကျးရွာတွင် အပျက်အဆီးရှိပြီး ကုန်းစောင်းရွာတွင် အသေပျောက် ရှိကာသေဆုံးသူ (၄)ဦးအား ပြန်လည်တွေ့ရှိပြီးလူ ဘယ်နှစ်ဦး ပျောက်ဆုံးနေကြောင်းကိုမသိသေးရကြောင်း ၎င်းကဆက်ပြောသည်။

ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့များမှဆက်လက်ရှာဖွေနေကြောင်းနှင့် လူအင်းအားနည်းသဖြင့် ထပ်မံကယ်ဆယ်ရးအဖွဲ့များ အရေးပေါ်လိုအပ် နေကြောင်းသိရသည်။

ယခုရက်ပိုင်း ဇူလိုင် (၂၆)ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်အများစုတွင် မိုးများ၍ ရေကြီး၊ ရေလျှံမှုများကြုံ တွေ့နေရကြောင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
#ပင်းတယမြို့
#သိမ်ကုန်းကျေးရွာ
#ကုန်းစောင်းရွာ
#တောင်ကျရေ
#ရေကြီးမှုဖြစ်ပွား
#လူအသေပျောက်ရှိ
#ကယ်ဆယ်ရေးလိုအပ်ချက်များလည်းရှိနေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed