ခမ်းသားငေါဝ်း
ဇူလိုင် ၂၈၊ ၂၀၂၅
https://www.facebook.com/share/p/15haaSaZug/
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် တာချီလိတ် မြို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
တာချီလိတ်တွင် ဇူလိုင်လ ၂၈ ရက် မိုးကြီးခြင်းကြောင့် မယ်ဆိုင်ချောင်း ရေလျှံကာ လမ်းရေကျော်ခြင်းများ ဖြစ်ပွားနေကြောင်း သိရသည်။
“တာချီလိတ်မှာ ထုံးစံအတိုင်းပေါ့ မိုးလေး နည်းနည်း ရွာလိုက်တာနဲ့ ရေကြီး ရေလျှံ ဖြစ်တာ သဘာ၀ လို ဖြစ်နေပြီ။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုးများမယ်လို့လည်း ပြောထားတယ်။ အခု ရေကြီး ရေလျှံမှု ဖြစ်တာ ရပ်ကွက် လမ်းထဲ ရေလျှံနေပြီ”ဟု တာချီလိတ်မြို့ခံ တစ်ဦးက ဆိုသည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း ကလောတွင်လည်း ဇူလိုင်လ ၂၈ ရက် မိုးကြီးခြင်းကြောင့် ကလောချောင်း ရေလျှံကာ လမ်းရေကျော်ခြင်းများ ဖြစ်ပွားနေကြောင်း သိရသည်။
ကလောမြို့ခံ တစ်ဦးက”ကလောချောင်း ရေကြီးတာ တော်တော်များတယ်။ မနေ့ ညနေပိုင်းက စပြီး ရေတက်နေတာ အားလုံး သတိထား ကြဖို့ မြို့ခံတွေကိုလည်း သတိပေးထားတယ်။ တညလုံး ရွာတဲ့ မိုးရေကြောင့် ဒီနေ့ မနက်ပိုင်းမှာ ရပ်ကွက်လမ်းတွေ ထဲ မိုးရေတွေ တက်နေပြီ။ လမ်းရေမြုပ်နေပြီ။”ဟု ဆိုသည်။
ရေကြီးရေလျှံခြင်းကြောင့် နေအိမ်များ ရေနစ်မြုပ်ခြင်းဖြစ်ပေါ်နိုင်သဖြင့် အနိမ့်ပိုင်း ရပ်ကွက်ရှိ နေအိမ်များ စိုးရိမ်နေကြရကြောင်း ၎င်းက ဆိုသည်။
ယခု တစ်နှစ်သည် မိုးတွင်းကာလ စောပြီး မိုးများသဖြင့် ရေကြီး ရေလျှံမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း နှင့် တောင်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးကြီး ရေကြီးမည်ဖြစ်ကြောင်း မိုးလေဝသ ပညာရှင်များကလည်း ကြိုတင် သတိပေးထားကြသည်။
#PPV-006
#မိုးရေ
#ရေကြီးရေလျှံမှု
#တာချီလိတ်
#ကလော
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်