ခမ်းသားငေါဝ်း
ဇူလိုင် ၂၈၊ ၂၀၂၅
https://www.facebook.com/share/p/1HptEokLVw/
တောင်ကျမိုး ရေကြောင့်၊ ကလော မြို့ရှိ ချောင်းရေတက်လာပြီး အနိမ့်ရပ်ကွက်တွင် ရေများ ထပ်မံတက်လာကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းပြီး တောင်ကျ ရေများ ကြောင့် ရပ်ကွက် (၂)(၃)(၄) နှင့် ရပ်ကွက်(၄) ပလောင် ဈေးတန်းတွင် ရေကြီးရေလျံဖြစ်နေသည်။
“အိမ်မှဆို ပေါင်လာက်ရှိပြီပေါ့၊ ပလောင် ဈေးတန်းဘက်ဆိုရင် ခါးလောက်ရှိပြီ၊ လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက စရွာတာ၊ မနေ့ နေလယ် တစ်နာရီလောက်စတက်လာတာ ၅ နာရီမှထပ်ကျသွားတယ် ၊ည တစ်နာရီ လောက်မှာတခါ ပြန်ထပ်တက်လာတယ်” ဟု ဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောသည်။
၎င်း တောင်လားဘက်စသည့် တောင်ကျ ရေများ ကြောင့် မိုးများသည်နှင့်အတူ ရေများ ကလော ချောင်းဘက်သို့ရောက်ကာ ကလော ဘက်ခြမ်းရှိ အနိမ့်နေရာသို့ ရေများဝင်ရောက်လျက်ရှိ ကြောင်းသိရသည်။
ထို့ပြင် ကလောမြို့ရှိ ဆိုင်ကယ်အဌားလုပ်ကိုင်သူများအနေဖြင့်လည်း ဆိုင်ကယ်များ ရေမြှုပ်ကာ လုပ်ငန်းအတွက် အခက်အခဲကြုံနေရကြောင်း သိရသည်။
“ဆိုင်ကယ်အဌားလုပ်တော့ အခုကဆိုင်ကယ်တွေ အကုန်လုံး ရေထဲမှာ မနှစ်ကလည်း အဲ့လို့ပဲ အကုန်မြှုပ်သွားတယ်၊ အဲ့လို့ပဲဖြုတ်တယ် ပြင်တယ် လုပ်တယ် ဆိုင်ကယ် အဌားတောင်ပြန်မစရသးဘူးမနှစ်ကတည်းက ဖြစ်သွားတာ ဌားလိုက်ပြီဆိုရင်လည်း တစ်ခုမဟုတ် တစ်ခုပြန်ပြန်ဖြစ်သွားတာ၊ ရေနှစ်ထားတော့ အရမ်းကြီးမကောင်းနေဘူး အဲ့တာကို အခုတခါပြန်နှစ်ပြန်ပြီ၊ အဲ့လို့ပဲပြန်ပြင်ရအုံးမယ်”ဟု ဆိုင်ကယ်အဌားလုပ်ကိုင်သူတစ်ဦးမှ ပြောသည်။
ယနေ့မနက်ပိုင်းတွင် ကလောမြို့ အနိမ့်ပိုင်းရပ်ကွက်များကို မီးသတ်အဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များမှ ပစ္စည်းများပြောင်းရွေ့ကူညီ ပေးနေကြောင်း၎င်းကဆက် ပြောသည်။
ဇူလိုင်လ (၂၆)ရက်နေ့မှစတင်ကာ မိုးဆက်တိုက်ရွာသွန်းမှု ကြောင့် ရှမ်းတောင်ရှိ အနိမ့်ပိုင်းဒေသများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွား နေကြောင်းသိရသည်။
PPV0013
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ကလောမြို့နယ်
#မိုးဆက်တိုက်ရွာသွန်း
#တောင်ကျရေများကြောင့်
#ပလောင်ဈေးတန်း
#ရေကြီးရေလျံဖြစ်နေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7