ခမ်းသားငေါဝ်း
ဇူလိူင် ၂၇၊၂၀၂၅

https://www.facebook.com/share/p/1E3SQWztkV/

TNLA ထိန်းချုပ်သည့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှလေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိကြောင်း TNLA ထုတ်ပြန်ချက်အရသိရပါတယ်။

မန္တလေး တိုင်း မိုးကုန်မြို့အရှေ့ပိုင်း၊ ရွှေလိပ်ပြာဟိုတယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီဝန်းကျင် အချိန်တွင် စစ်ကောင်စီက ပြည်သူလူထု ကိုဦးတည်ပြီး လေကြောင်းဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ် သည်။

စစ်ကောင်စီသည် ပြည်သူ လူထုများကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်ဖြင့်အလုပ်ပြန်လာသည့် အမျိုးသား (၁) ဦး ဗုံးထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း TNLA ကဆိုထားသည်။

ထို့အပြင် အမျိုးသား (၃)ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဟိုတယ်အဆောက်အဦးတစ်ချို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်းဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၉)ရက်နေ့ကလည်း မိုးကုတ်မြို့၊ ပန်မထိပ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများတည်ရှိရာကို လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် (၂)ဦးသေဆုံးပြီး၊ ကလေး (၂)ဦးအပါ (၈)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၇)အိမ်လည်း ထိမှန်ပျက်စီးခဲ့ကြောင်းသိရသည်။

#ppv002
#PSLF/TNLA
#Humanright
#မိုးကုတ်
#ဗုံးကြဲခံရ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home