ခမ်းသားငေါဝ်း
ဇူလိူင် ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/1B2sSRtDX4/

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာန၊ အရာရှိ (၁၃၃) ဦး၏ အမည်စာရင်းကို ထုတ်ပြန်လိုက်ပြီး စစ်ဆေးဖမ်းဆီးပေးရန် တော်လှန်ရေးတပ်ဖွဲ့များကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ‌ရေးအကျဉ်းသားများကွန်ယက် (PPNM)က ဇူလိုင် (၂၅)ရက်တွင်ထုတ်ပြန်တောင်းဆိုထားသည်။

ထိုသူများသည် အကျဉ်းထောင်တွင်း လူ့အခွင့်အ ရေးချိုးဖောက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ထောင်ပြောင်းရွှေ့မှု တစ်ခုခြင်းစီတိုင်းအတွက် တရားမျှတမှုဖော်‌ဆောင်ရေးကဏ္ဍတွင် တာဝန်ယူမှုကို အပြည့်အဝခံယူကြရမည်ဖြစ်‌ကြောင်း ဖော်ပြထားသည်။

(PPNM) ထုတ်ပြန်ထားသည့် စာရင်းတွေ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ ဒုညွှန်ကြားရေးမှူးချုပ် အပါအဝင် ညွှန်ကြားရေးမှူး (၁၉) ဦး၊ ဒုညွှန်ကြားရေးမှူး (၁၉) ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၉၃) ဦးတို့၏ အမည်စာရင်း၊မှတ်ပုံတင်နံပါတ်စသည့် အချက် ပါဝင်သည်။

အကျဉ်းဦးစီးဌာန လက်အောက် ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက် အသေးစိတ်များကို အတည်ပြုရရှိ စီစစ်ထားပြီး ဖြစ်ပြီး အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများ၊ ပါဝင်ပတ်သက်သည့် ဝန်ထမ်းများကို ထိရောက်သော တရားမျှတမှု ပြန်လည်ရယူသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုထုတ်ပြန်ထားသည့် စာရင်းသည် ပထမဦးစားပေး စစ်ဆေးရမည့်စာရင်း ဖြစ်ပြီး အခြားအဆင့်ဝန်ထမ်းများ၏ အချက်အလက်ကို လျှို့ဝှက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများထံ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် သက်ဆိုင်ရာတော်လှန်ရေးအင်အားစုများ လုံခြုံရေး တာဝန်ယူထားသည့် လမ်းပိုင်းများ‌‌တွေ စစ်ဆေးဖမ်းဆီး အပြစ်ပေးနိုင်ရန် PPNMက တောင်းဆိုထားသည်။

သို့ပါသော်လည်း ပြည်သူ့ဘက်ကို အမြန်ဆုံးကူးပြောင်းပြီး တရားမျှတမှုအတွက် ရင်ဆိုင်ရန်နှင့် ထောင်တံခါးများကို PPNMနှင့်အတူ ချိုးဖြတ်ကြပါရန်လည်း သတိပေးထားသည်။

#PPV0011
#Humanright
#PPNM
#ထောင်ဝန်ထမ်း
#အရေးယူရန်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home