ခမ်းသားငေါဝ်း
ဇူလိူင် ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/1CBYUhcTUT/

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဇူလိုင် (၂၆) ရက်ယနေ့ နံနက်ပိုင်း (၉)နာရီကျော်က အမျိုးသမီး (၁)ဦး ဓားပြတိုက် လုယက်၊ ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

မူဆယ်မြို့ တောင်ပေါ်ဘုရား စစ်တပ်ရှိရာ နေရာတွင် အမျိုးသမီးတစ်ဦး ပိုက်ဆံအိတ်လုခံရပြီး ခေါင်းကို ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခံရမှု​ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

“စစတွေ့တော့ မဆုံးသေးဘူး။ ဒဏ်ရာက နက်လည်းနက်တယ်။ ခုတ်ခံရတာလည်း အချက်ပေါင်းများတော့ ဆုံးသွားတယ်။ အပေါ်နားမှာ စစ်တပ်ရှိတာတောင်လုယက်တဲ့သူကို မဖမ်းမိဘူး”ဟု ဒေသခံက ခမ်းသားငေါဝ်းကို ပြောသည်။

မူဆယ်မြို့တွင် လုယက်မှု၊ ဓားပြတိုက်မှု၊ ခိုးမှု မကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်တပ်က ဖမ်းဆီးအရေးယူနိုင်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်(၂၄)ရက်တွင်လည်း မြို့ထဲ အပြန်အ လှန်ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီး(၂)ဦး သေဆုံးသွားကြောင်း သိရသည်။

မူဆယ်မြို့တွင်လောင်းကစားရုံ၊ KTVများစွာ ရှိပြီး ဒေသခံအနေဖြင့် အပြင်သွားသည့်အခါ စိုးရိမ်စိတ်၊ ကြောက်စိတ်ဖြင့်သတိထား သွားလာနေရကြောင်း ပြောသည်။

#PPV0011
#မှုခင်း
#မူဆယ်
#ဓားပြတိုက်မှု
#လုယက်မှု

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home