ခမ်းသားငေါဝ်း
ဇူလိုင် ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/1UvT7EMgvC/

မိုးရွာပြီးရှမ်းတောင်မှ ရှမ်း‌ပြည်မြောက်ကိုသွားသည့် နမ့်လန်-ကျောက်ဂူ ကားလမ်းပျက်နေ၍ ကုန်ကားများစွာ ပိတ်မိနေကြောင်း ဇူလိုင်(၂၆)ရက်တွင် သိရသည်။

ယခုရက်ပိုင်း ရှမ်းတောင်မှ ရှမ်းမြောက်သွားသည့် နမ့်လန်-ကျောက်ဂူလမ်းတွင် ကုန်ကား အစီး(၃၀၀) ကျော် ပိတ်မိနေပြီး အိမ်စီးကားများလည်း ထွန်စက်ဖြင့် ဆွဲထုတ်ရသည့် အခြေအနေရှိကြောင်း သိရသည်။

“အဲ့လမ်းသွားမယ်ဆိုရင် လမ်းမှာ စားဖို့သောက်ဖို့ သေချာ‌ပြင်ဆင်ပြီး သွားစေချင်တယ်။ မိုးထပ်ရွာရင် ထပ်ဆိုးတယ်။ ကုန်ကားဆရာအချို့ဆို ပိတ်မိနေတာ(၁)ပတ်လောက်ရှိတယ် ပြောတယ်”ဟု ခရီးသည်(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ရှမ်းတောင်မှ ရှမ်းမြောက် သွားသည့် နမ့်စန်-ခိုလမ်-ကျေးသီး မိုင်းရယ် လမ်းကြောင်းရှိ‌သော်လည်း ကုန်ကားပေးမဖြတ်သည့် ပြဿနာနှင့် အခွန်အခ များခြင်းတို့ကြောင့် နမ့်လန်-ကျောက်ဂူ လမ်းဘက် သွားကြသည့်ကား များစွာ ရှိကြောင်း သိရသည်။

“တခြားလမ်းကြောင်းက အခြေအနေအမျိုးမျိုးရှိတာ‌ကြောင့် ပါ။ ဒါပေမဲ့ ဖြစ်နိုင်ရင် အခု နမ့်လန်ဘက်လမ်း မသွားနဲ့။လမ်းမှာရက်အကြာကြီး ပိတ်နိုင်တယ်။ လမ်းကြေးကလည်း အသေကောက်တာ။ကုန်ကားပိတ်လို့ ဈေးနှုန်းတက်တာလည်း မပြောနဲ့ လမ်းအခြေအနေဘယ်လိုရှိလဲဆိုတာကိုလည်း သိစေချင်တယ်”ဟု ကားဆရာက ပြောသည်။

ရှမ်းမြောက်သွားမည့် ခရီးသည် ကားဆရာများအနေဖြင့် မိုးတွင်းတွင် နမ့်လန်-ကျောက်ဂူ၊ ပင်လုံ ကျောက်တန်းလမ်း သွားမည်ဆိုလျှင် မြေပြိုခြင်း၊ မိုးကြီးပြီး လမ်းဆိုးခြင်း အခြေအနေများ ဖြစ်ပေါ်တတ်သောကြောင့် လမ်းအခြေအနေစုံစမ်းပြီး သွားကြရန် ကားဆရာက အကြံပြုသည်။

#PPV0011
#tranpotation
#ရှမ်းမြောက်၊
#နမ်လန်
#ကျောက်ဂူ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home