ခမ်းသားငေါဝ်း
ဇူလိုင် ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/19qEKtexJt/

စစ်ကောင်စီ စစ်ကြောင်းထိုးလာခြင်းကြောင့် ဒီးမောဆိုမြို့နယ်အတွင်းရှိပြည်သူများ ထပ်မံစစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။

စစ်ကောင်စီသည် မိုးဗြဲ- လွိုင်ကော်လမ်းမကြီးကို ထိန်းချုပ်နိုင်ပြီးနောက် အဆိုပါလမ်းမှတစ်ဆင့် ဒီးမော့ဆိုမြို့ကို ဦးတည်ကာ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

” စစ်ကောင်စီ စစ်ကြောင်းကတော့ နန်းမယ်ခုံနားဖက်ရောက်နေပါပြီ၊ စစ်ကြောင်းထိုးလာတဲ့တစ်လျှောက်လက်နက်ကြီးတွေပစ်ခတ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာလုပ်တော့ အဲ့ဖက်တစ်ကြောဒေသခံတွေ စစ်ဘေးရှောင်နေရပါတယ်” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အရေးပေါ်စစ်ဘေးရှောင်နေရသောကြောင့် ဒေသခံများ အတွက် အခက်အခဲများစွာဖြစ်နေကြောင်းသိရသည်။

” တစ်ချို့က ဖယ်ခုံအရှေ့ဖက်ကမ်းကနေ စစ်ရှောင်လာတာမကြာသေးဘူး အခုနောက်တစ်နေရာထပ်ပြောင်းနေရတော့ သူတို့အတွက်မလွယ်ဘူး၊ ဒီကဒေသခံတွေဆိုလည်း လယ်ယာတွေ စိုက်ပျိုးထားတာရှိတယ်၊ အဲ့ဒါတွေလည်းအကုန်ထားခဲ့ရတော့မှာ၊ အခက်အခဲတွေ လိုအပ်ချက်တွေကတော့ အများကြီးပါဘဲ” ဟု ၎င်း ကဆက်ပြောသည်။

အဆိုပါစစ်ကောင်စီ၏ စစ်ကြောင်းသည် ဘုရားနီ ကျေးရွာသို့ရောက်ရှိနေပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ များနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းထိုးလာသောကြောင့် မိုးဗြဲ မြို့အနီးတစ်ဝိုက်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေသခံ ထောင်ချီစစ်ဘေးရှောင်နေရပြီး ၎င်း တို့အတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်းသိရသည်။

#PPV 003
#Humanright
#စစ်ကြောင်းထိုး
#ဒီးမော့ဆို
#စစ်ရှောင်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home