ခမ်းသားငေါဝ်း
ဇူလိူင် ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/1QHq37QGFv/

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအတွက် မိုင်းရယ်မြို့တွင် ရွေးကောက်ပွဲ ကော်မတီအဖွဲ့မှ စတင်သင်တန်းပေးနေကြောင်း ဇူလိုင်(၂၅)ရက်က သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့တွင် ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းနှင့် ထွေအုပ်ဝန်ထမ်းတို့ကို စစ်ကောင်စီ ရွေးကောက်ပွဲအတွက် အီလက်ထရောနစ် မဲပေးစနစ် MEVM – Myanmar Electronic Voting Machine စက်တပ်ဆင်နည်း၊ အသုံးပြုနည်းကို သင်ကြားပေးနေ ကြောင်း သိရသည်။

“အဓိက စက်ဘယ်လိုတပ်မလဲ။ ဘယ်လိုစောင့်ကြည့်မလဲ။ နောက်ပြီး မဲပေးသူအနေနဲ့ မဲတစ်ခုထည့်ဖို့ အချိန်(၅)မိနစ်ပေးထားတယ်။အဲ့အချိန်အတွင်း မပေးရင် ဘာဖြစ်တာလဲ။ ဘာကြောင့်လဲ ဆိုပြီး မေးရမယ်။ ကြည့်ရတာ ဘယ်လိုမှ မှန်ကန်တဲ့ မဲပေးစနစ်ဖြစ်မယ် မထင်ဘူး”ဟု Non-CDMဝန်ထမ်း(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ထို့အပြင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ မဲပေးသူများအနေဖြင့် မဲရုံသို့ သွားရောက်မဲပေးသည့်နေရာမှာ မိမိသဘောဆန္ဒဖြင့် မဲမပေးလိုဘဲ ပြန်ထွက်လာလျှင် မဲရုံစောင့်သူအနေဖြင့် လိုက်လံ မေးမြန် Record ယူရမည့်အကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီထိန်းချုပ်သည့် မြို့နယ် အများစုတွင်လည်း ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု သင်တန်းပေးမှု လုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီသည် လားမည့်ရွေးကောက်ပွဲအတွက် မြို့နယ်ပေါင်း (၂၆၇)မြို့နယ်၌ ရွေးကောက်ပွဲကျင်းပရန် လျာထားပြီး ကျင်းပမည့်ရက်ကိုလည်း အချိန်မီထုတ်ပြန်မည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဖြေကြားထားကြောင်း သိရသည်။

ထို့အတူ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUGမှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

#PPV0011
#နိုင်ငံရေး
#ရွေးကောက်ပွဲ
#မိုင်းရယ်
#သင်တန်းပေး

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home