ခမ်းသားငေါဝ်း
ဇူလိူင် ၂၄၊ ၂၀၂၅
https://www.facebook.com/share/p/1CxhASThqQ/
နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် ပင်စင်လစာထုတ်ယူရာတွင် လိုအပ်သည့် UID(စမတ်ကဒ်)ကိုလားရှိုးမြို့တွင် ဇူလိုင်(၂၃)ရက်မှစ၍ နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်တွင် ပင်စင်လစာ ထုတ်ပေးသည့်ကာလအတွင်း မြို့နယ် လဝကရုံး ဝန်ထမ်းများမှ ကွင်းဆင်းလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
“ပင်စင်စားများအတွက် သတင်းကောင်းပေါ့။ အရင်ကဆို နေ့ချင်းမရဘူးလေ လျှောက်ထားတာဖြင့်ကြာလှပြီ စောင့်ရတာ မနည်းဘူး။ လျှောက်ထားသူလည်း များတယ်လေ။ အခု မြန်မာ့စီးပွားရေးဘဏ်မှာ တစ်ရက်အပြီး လုပ်ပေးမယ် ကြားတယ်”ဟု ဒေသခံက ခမ်းသားငေါဝ်းကို ပြောသည်။
UID စမတ်ကဒ်မပြုလုပ်ရသေးသည့် နိုင်ငံ့ဝန်ထမ်းအနေဖြင့် ဇူလိုင်(၂၃)ရက်မှစပြီး လားရှိုး မြန်မာ့စီးပွားရေးဘဏ်တွင် ရုံးချိန်အတွင်း သွားရောက် ပြုလုပ်နိုင်ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအချို့က ပင်စင်လစာကိုသာအားကိုးနေရ၍စစ်ကောင်စီက UID စမတ်ကဒ်ရှိမှ ပင်စင်လစာထုတ်ပေးခြင်းကြောင့် အချို့သက်ကြီးနှင့်ကျန်းမာရေးမကောင်းသည့် အသက် ၇၀ ကျော်အဖိုးအဖွားများကအခက်ခဲကြုံနေရသည်။
#PPV0011
#Humanright
#UID စမတ်ကဒ်
#လားရှိုး
#onestop
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်