ခမ်းသားငေါဝ်း
ဇူလိူင် ၂၄၊၂၀၂၅
https://www.facebook.com/share/p/14H5xxuErri/
နောင်ဒေႏကျေးရွာအုပ်စုတွင် လမ်းမကြာခဏပျက်စီးနေခြင်းကြောင့် ဒေသခံများအတွက် သွားလာရေးအခက်အခဲဖြစ်နေရသည်ဟု ဇူလိုင်လ(၂၄)ရက်နေ့တွင် ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နောင်ဒေႏကျေးရွာအုပ်စုရှိ နောင်ဒေႏရွာနှင့် မောက်လွတ်ရွာကြား လမ်းမကြီးသည် မကြာခဏပျက်စီးသဖြင့် ဒေသခံများအတွက် သွားလာရေးအခက်အခဲများဖြစ်နေရကြောင်း သိရသည်။
“အဲ့လမ်းကခနခနပျက်တယ်၊ ၂ နှစ် ၃ နှစ်လောက်ရှိပြီ၊ အဆိုးဆုံးကတော့အရင်နှစ် ယာဂီမုန်တိုင်းလာတုန်းကပေါ့ မိုးတွေအဆက်မပြတ်ရွာနေတော့ တောင်တွေပြို မြေတွေပြိုတော့ လမ်းတွေကပျက်စီးကုန်တာ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ယခုအချိန်တွင်လည်း ဝီဖာမုန်တိုင်းကြောင့် မိုးများအဆက်မပြတ်ရွာသွန်းသဖြင့် လမ်းပျက်စီးမှု ထပ်မံကြုံတွေ့နေရကြောင်း သိရသည်။
“တောင်ပေါ်ရွာဆိုတဲ့အတိုင်း လမ်းကအမြဲမကောင်းဘူး လမ်းတွေပျက်စီးတာလည်း ခနခနဖြစ်တော့ သွားလာရေးတွေအခက်အခဲဖြစ်တယ်၊ တစ်နေရာနဲ့တစ်နေရာသွားဖို့ဆိုလည်း အချိန်ကြန့်ကြာတာမျိုးဖြစ်တယ်၊ ပြီးရင်လမ်းက မပြင်ရင်လည်းသွားလာလို့မရ ပြင်ရင်လည်းအခုကစိုက်ပျိုးရာသီမိုးရာသီလည်းဖြစ်နေတော့ ငွေကြေးအခက်အခဲတွေတော့ ရှိကြတယ်” ဟု၎င်းက ဆက်ပြောသည်။
နောင်ဒေႏ-မောက်လွတ်ကြားလမ်းသည် မိုးရာသီအချိန်၌ မကြာခနပျက်စီးလေ့ရှိပြီး ဒေသခံများက ကိုယ်ထူကိုယ်ပြန်လည်ပြုပြင်နေကြသော်လည်း ရေရှည်အတွက် အဆင်ပြေရန် မပြုပြင်နိုင်ကြသေးကြောင်း သိရသည်။
ထိုဒေသတွင်တောင်တန်းပေါ်တွင်တည်ရှိပြီး စစ်ဘေးစစ်ဒဏ်များမကြာခဏကြုံရသည့်ဒေသလည်းဖြစ်သည်။
ဒေသဖွံ့ဖြိုးရေးအတွက်လည်းများသောအားဖြင့် ကိုယ်ထူကိုယ်ထ ပြုလုပ်နေကြရကြောင်းသိရသည်။
#PPV007
#ဒေသဖွံ့ဖြိုးရေး
#နောင်ဒေး
#လမ်းပျက်စီး
#သွားလာခက်ခဲ
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်