ခမ်းသားငေါဝ်း
ဇူလိုင် ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/1ExXD61943/

ကရင်ပြည်နယ်၊ ဘားအံ အကျဉ်းထောင်တွင် ထောင်ဝန်ထမ်း ၃၀ ဦးခန့် ညှဥ်းပန်းနှိပ်စက်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား အောင်နိုင်စိုးသေဆုံးသွားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ တန်းပိတ်ချိန်တွင် သက်ကြီးဆောင်၌ အချင်းချင်းမတော်တဆ စကားများကြရာတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲကာ ထောင်ဝန်ထမ်းဦးရေ ၃၀ ဝန်းကျင်ခန့်က နိုင်/ကျဉ်း အောင်နိုင်စိုးကို တန်းပိတ်ချိန် ပြင်ပသို့ခေါ်ထုတ်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း PPNM ကဆိုသည်။

ထို့အပြင် ရိုက်နှက်ခံရသောဒဏ်ရာများကြောင့် နိုင်/ကျဉ်းအောင်နိုင်စိုးသေဆုံးခြင်းကို နှလုံးရောဂါဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း ဘားအံထောင်အာဏာ ပိုင်များမှ လိမ်လည်ထွက်ဆိုထားကြောင်းဖော်ပြထားသည်။

၅၀ ည ပုဒ်မဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရသော ကိုအောင်နိုင်စိုးသည် ဘားအံထောင်တွင်နိုင်ငံရေးအကျဉ်းသားများအား အဆောင်ပြောင်းရွေ့ရာ၌ ပါမသွားဘဲ သက်ကြီးဆောင်ဟုခေါ်သော အသက်ကြီး အခြားအမှုများထားသည့် အဆောင်၌ တစ်ဦးတည်းချန်ထားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဘားအံထောင်မှ ထောင်ဝန်ထမ်းများသည် ယခုနှစ်ပိုင်းတွင် ယခင်ကထက်များစွာပို၍ နိုင်ငံရေးအကျဥ်းသားများအားပို၍ ဖိနှိပ်နေကြောင်း တန်းစီချိန်ခေါင်းအနည်းငယ်လှုပ်လျှင်ပင် ချက်ချင်းခေါ်ယူ၍ ဒေါက်ခတ်သည်အထိလူ့အခွင့်အရေးများချိုးဖောက်နေလျက်ရှိကြောင်း PPNM ကဖော်ပြထားသည်။

#PPV 003
#Humanright
#အကျဥ်းထောင်
#ဘားအံ
#ထောင်ဝန်ထမ်း

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home