ခမ်းသားငေါဝ်း
ဇူလိူင် ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/16cskE7vVh/

ဒေသခံများပိတ်မိနေဆဲ ဖယ်ခုံအရှေ့ဖက်ကမ်းရှိကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။

ရှမ်း- ကရင်နီနယ်စပ် ဖယ်ခုံမြို့အင်းအရှေ့ဖက်ကမ်းရှိကျေးရွာများတွင် ဒေသခံအချို့ပိတ်မိနေပြီး စစ်ကောင်စီက လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေသည်။

” လက်နက်ကြီးတော့ နေ့တိုင်းလိုလိုကျတယ်၊ ဖယ်ခုံ ဖက်ကနေ ပစ်လာတာများတယ်၊ ဒီအရှေ့ ဖက်ကမ်းရွာတွေမှာ ပိတ်မိနေတဲ့လူတွေအများကြီးရှိသေးတယ်လေ” ဟု သတင်းရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီသည် ဖယ်ခုံအရှေ့ဖက်ကမ်း မှ ထွက်လမ်းများကို ပိတ်ဆို့ထားပြီး လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်နေသောကြောင့် ဒေသခံများ ကို ကူညီကယ်ထုတ်ရန်အခက်အခဲဖြစ်နေကြောင်းသိရသည်။

” ဝင်လို့မရ၊ ထွက်လို့မရသေးဘူး၊ လမ်းတွေအကုန်ပိတ်နေပါတယ်၊ အရင်ကတည်းက ကြိုတင်ရှောင်ခိုင်းထားတာရှိတယ်ပေါ့လေ၊ ဒါပေမယ့် တစ်ချို့လူကလည်း ယာခင်းတွေ စိုက်ထားတာရှိလို့ မထားခဲ့ချင်တာနဲ့၊ တချို့တော့လည်း သွားရေးလာရေးအဆင်မပြေတာနဲ့ ပိတ်မိသွားတာဖြစ်တယ်၊ အခုလိုအခြေအနေကတော့ ဒေသခံတွေကို ကယ်ထုတ်သွားဖို့တော့ မလွယ်ကူသေးပါဘူး” ဟု ၎င်း ကဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်ခန့်တွင် စစ်ကောင်စီ၏ လက်နက် ကြီး ပစ်ခတ်မှုကြောင့်ဖယ်ခုံအင်းအရှေ့ဖက်ကမ်းရှိ ကျေးရွာ ၂ ရွာမှ အရပ်သားပြည်သူ ၅ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုံဟောင်း

#PPV 003
#Humanright
#ဖယ်ခုံ
#ဒေသခံ
#လက်နက်ကြီး

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home