ခမ်းသားငေါဝ်း
ဇူလိူင် ၂၄၊၂၀၂၅
https://www.facebook.com/share/p/16YfxAWShF/
တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေအခြေအနေသည် စိုးရိမ်ရေအမှတ်အထက်သို့ ပေဝက်ကျော်လွန်နေပြီဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသ နှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးငှာနက အသိပေးထုတ်ပြန်ထားသည်။
တာချီလိတ်မြို့ ( လွယ်တော်ခမ်းရွာ) မယ်ဆိုင်ချောင်းရေအခြေအနေတွင် ဇူလိုင်လ ၂၄ ရက်နေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်အထက်သို့ ပေဝက်ခန့်ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်းပေဝက်ခန့် ထပ်မံမြှင့်တက်လာနိုင်ကြောင်း ဖော်ပြထားသည်။
” ချောင်းရေကတော့ မလျှံသေးဘူး၊ ဒါပေမယ့်မိုးရေကြောင့် တစ်ချို့လမ်းတွေပေါ်ရေကြီးနေပြီ၊ ဒီအမြင့်ပိုင်းမှာတောင် လမ်းပေါ်ရေတွေ တော်တော်ဝပ်နေပြီ၊ အနိမ့်ပိုင်းတွေကျတော့ပိုဆိုးတာပေါ့၊ မိုးဆက်ရွာနေတော့လေ ရေကဆက်တက်ဖို့ရှိနိုင်တယ်” ဟု တာချီလိတ်မြို့နေ ပြည်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ဝီဖာမုန်တိုင်းကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မယ်ဆိုင်ချောင်းရေမြှင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။
တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မှာ စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်သောကြောင့် ချောင်းနံဘေး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန် မိုးဇလ ကသတိပေးထုတ်ပြန်ထားသည်။
ပုံ – ကိုလှမိုး( တာချီလိတ် လူမှုကူညီရေးအသင်း)
#PPV 003
#သဘာဝဘေး
#တာချီလိတ်
#မယ်ဆိုင်ချောင်း
#ရေကြီး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်