ခမ်းသားငေါဝ်း
ဇူလိူင် ၂၃၊ ၂၀၂၅

https://www.facebook.com/share/p/1Rhkdu8XwP/

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်နယ်မြေ​ဖြစ်သည့် ၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀) ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

သီပေါ့မြို့ရှိ ယခင်စစ်ကောင်စီတပ်စခန်းဟောင်းခလရ (၂၃)တပ်စခန်းအတွင်း ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၁၂ နာရီခန့်အချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်နေ့ကလည်း ၎င်းတပ်စခန်း ခလရ(၂၃)အတွင်း ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် သီပေါမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၄) ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင်လ (၁၄)ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် တစ်ကြိမ် ရည်ရွယ်ချက်ရှိရှိ ပြည်သူ လူထုများတည်ရှိရာကို ဦးတည်ပြီး ဗုံးလာရောက်ကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦး သေဆုံးသွားကာ (၅)ဦးဒဏ်ရာရရှိပြီး နေအိမ် (၁၃)အိမ်၊ အဆောက်အဦး (၆)လုံးနှင့် အ.မ.က (၁) ကျောင်းရှိ ကျောင်းဆောင်များ ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA ကဆိုသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA ကအသိပေးထုတ်ပြန်ထားသည်။

#PPV 003
#Humanright
#စစ်ကောင်စီ
#ဗုံးကြဲတိုက်ခိုက်
#သီပေါ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home