၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့
ခမ်းသားငေါဝ်း/ MFCN / The Red Flag
(Prebunking)
ကျတော်တို့ လန်ဆန်းတက်ကြွနေချိန် ကောက်ဖတ်လိုက်တဲ့ မဟုတ်မမှန် သတင်းအမှားတစ်ပုဒ်ကြောင့် စိုရိမ်းစိတ်နဲ သင့်ကိုယ်တိုင်ကပါ ထပ်ဆင့်ဝေမျှမိခဲ့ရင် သင့်သူငယ်ချင်း သင့်လူမှုပတ်ဝန်ကျင်ကပါ စိတ်ညစ်သောကရောက်နေရမှာဖြစ်ပြီး အချို့အမုန်းပွားတဲ့ သတင်းအမှားတွေဆိုရင် ပဋိပက္ခ ဖြစ်ပွားနိုင်တဲ့ထိ ပြဿနာရှိနိုင်တာမို့ ဒီနေ့မှာ သတင်းတုနဲ သတင်းအမှားတွေကို ဘယ်လို စိစစ်ယုံကြည်သင့်လဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
၁။ သတင်းရင်းမြစ် ဘယ်သူလဲ။
သတင်းတစ်ပုဒ်ကို ဖတ်ရှု့ပြီး မမျှဝေခင်မှာ ပထမဆုံးစစ်ဆေးရမှာက အဲဒီသတင်းကို ဘယ်သူရေးလဲ ဆိုတာကိုပါ။ အဲဒီသတင်းကို ကမ္ဘာ့သတင်းမီဒီယာဌာနကလား၊ သတင်းလုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်နေသည့် သတင်းဌာနက ရေးတာလား၊ သက်ဆိုင်ရာအဖွဲ့အစည်း လူပုဂ္ဂိုလ်ကလား၊ ဝါဒဖြန့်သူကလား၊ လိုက်ဖော်လိုဝါ ရှာဖွေတဲ့သူက ရေးတာလား ဒါမဟုတ် အမည်မသိ ဖေ့ဘွတ်အကောင့်က ရေးတာလားဆိုတာကို သွားရောက်စစ်ဆေးဖို့ လိုပါတယ်။ ဝါဒဖြန့်သူ လိုက်ဖော်လိုဝါရှာဖွေသူတွေ အမည်မသိတဲ့ ဖေဘွတ်အကောင့်တွေ စတဲ့ မသေချာတဲ့ အရင်းမြစ်တွေဆိုရင် ချက်ချင်း မယုံကြည်ဖို့ လိုပါတယ်။
၂။ သတင်းခေါင်းစဉ်နှင့် သတင်းအကြောင်းအရာ ကိုက်ညီမှုရှိမရှိကို စစ်ဆေးပါ။
သတင်းတစ်ပုဒ်ကို ခေါင်းစဉ်ကနေစ အဆုံးထိကို တစ်ပုဒ်လုံး ဖတ်ပေးပါ။ အဲဒီသတင်းက သတင်းခေါင်းစဉ်နှင့် ရေးသားဖော်ပြထားတဲ့ အချက်အလက်တွေက ကိုက်ညီမှု ရှိမရှိကို စစ်ဆေးဖို့ လိုပါတယ်။ သတင်းခေါင်းစဉ်က စိတ်လှုပ်ရှားစေဖို့ ရည်ရွယ်ချက်နဲ့ စာဖတ်သူတွေကို ချက်ချင်းတုံ့ပြန်စေဖိုအတွက် လှုံဆော်ပေးတဲ့ခေါင်းစဉ်တွေနဲ့ ရေးသားဖြန့်ဝေတက်တဲ့ မသမာသူတွေလဲ ရှိပါတယ်။ တစ်ခါတစ်လေမှာ သတင်းအကြောင်းအရာမှာ ဟုတ်တာတွေရော မဟုတ်တာတွေရော ပါလာနိုင်ပြီး သတင်းခေါင်းစဉ် အကြီးကြီးနဲ့ သတင်းအကြောင်းအရာက အလွှဲအမှားများတတ်ပါတယ်။
၃။ သတင်းအရင်းအမြစ်များစွာနှင့် တိုက်ဆိုင် စစ်ဆေးပါ။
လူမှု့မီဒီယာမှာ ဖော်ပြထားတဲ့ သတင်းကို ချက်ချင်းမယုံကြည်ဘဲ နောက်ထပ်ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာဌာနတွေရဲ့ သတင်းဖော်ပြချက်တွေနဲ တိုက်ဆိုင် စစ်ဆေးဖို့ လိုပါတယ်။ အဲလို တိုက်စစ်တဲ့ချိန်မှာ တစ်နေရာတည်းကသာ ဖော်ပြထားပြီး အခြားသတင်းဌာနတွေက ဖော်ပြထားတာ မရှိဘူးဆိုရင်တော့ သတိထားစရာဖြစ်ပြီး ထပ်ဆင့်မျှဝေခြင်း မပြုလုပ်ရန် လိုအပ်ပါတယ်။
၄။ သက်သေအထောက်အထား။
အဲဒီသတင်းဟာ ဘ၆လုံးအပြင် (ဘယ်သူက၊ ဘယ်သူ့ကို ဘယ်အချိန် ဘယ်နေရာမှာ ဘာကြောင့် ဘယ်လိုလုပ်တာလဲ ) ဗီဒီယို၊ ဓာတ်ပုံ မှတ်တမ်းစတဲ့ သက်သေပြချက်တွေ ရှိလား ဆိုတာကို စစ်ဆေးသင့်ပါတယ်။ ဓာတ်ပုံတစ်ပုံတည်းနဲတင် သတင်းကို ယုံကြည်ဖို့ ခက်ပါတယ်။ အလွယ်ကူဆုံးအနေနဲ (Image reverse search (Google lens) နဲ့ စစ်ကြည့်လို့ရပါတယ်။ တစ်ခါတစ်လေမှာ ဓာတ်ပုံအဟောင်းတွေကို ပြန်လည်အသုံးပြုထားပြီး အသစ်လို ပြန်လည်သုံးထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ခုနောက်ပိုင်းမှာဆိုရင် Ai နည်းပညာဖြင့် ဖန်တီးထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုများလဲ ရှိနေသည့်အတွက် ပိုလိုတောင် ယုံကြည်ဖို့ ခက်ခဲ့ပါတယ်။
၅။ သတင်း ရက်စွဲတွေကို စစ်ပါ။
တစ်ခါတစ်လေမှာ အရင်နှစ် အရင်လတွေရဲ့ သတင်းဗီဒီယိုများကို “ဒီနေ့မှာ ဖြစ်သွားတယ်” ဆိုပြီး ပြန်လည်တင်ထားတဲ့ သတင်းအဟောင်းတွေလဲ ဖြစ်နေလားဆိုတာကို စစ်ဆေးဖို့ လိုပါတယ်။ မသမာသူတွေက စာဖတ်သူတွေကို ရည်ရွယ်ချက်ရှိရှိ လှည့်စားတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ အကယ်လို့ သတင်းထဲမှာ “တည်နေရာ ဘယ်မှာဖြစ်တယ်၊ ဘယ်နေ့မှာ ဖြစ်တယ်” ဆိုတာမပါဘူးဆိုရင်၊ သတင်းဟာ အချက်အလက်မပြည့်စုံတဲ့ သတင်းအမှားဖြစ်နိုင်ပါတယ်။
ဒီအချက် (၅) ချက်ကို အရင်စစ်ဆေးပြီးမှ ဖတ်ရင် သင့်ကို သတင်းတုသတင်းမှားကနေ ကာကွယ်ပေးနိုင်ပါတယ်။ နည်းပညာက တိုးတက်လာတာနဲ့အမျှ သတင်းတုသတင်းအမှားတွေက ပုံစံအမျိုးမျိုးနဲ့ ဖြန့်ဝေနေကြပြီး ပလက်ဖောင်းအမျိုးမျိုးကို အသုံးပြုကာ နေ့စဉ်နှင့်အမျှ ပြန့်နှံနေပါတယ်။
ဒါကြောင့် သတင်းတွေကို မျှဝေရင်တောင် တိုက်စစ်စဉ်းစားပြီးမျှဝေပေးပါ။ သတင်းအမှားတွေ ထပ်မံမပြန့်နှံစေရအောင် စာဖတ်သူအနေနဲ့ အကြံပြုချက်တွေကို လိုက်နာကျင့်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
Fb- https://www.facebook.com/KhamSarNgor
#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း#Perbunking#