ခမ်းသားငေါဝ်း
ဇူလိူင် ၂၃၊ ၂၀၂၅
https://www.facebook.com/share/p/16m9saqBPN/
မိုင်းပေါက်မြို့တွင် ဇူလိုင်(၂၂)ရက်က မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် စံချိန်တင် ရေမြင့်တက်ကာ ကားနှင့်အတူ ရေထဲမျောပါနေသည့် ဒေသခံပြည်သူကို ကူညီရင်း”ဝ”ရဲတပ်ဖွဲ့ဝင်(၁)ဦးအပါအဝင် ကားပေါ်ပါ အမျိုးသမီး(၁)ဦး သေဆုံးကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းပေါက်မြို့မှာ မိုးရေကြောင့် ရေမြင့်တက်ကာ ကားများစွာ ပိတ်မိနေခဲ့ပြီး သွားလာရေး အဆင်မပြေဖြစ်ခဲ့ကြောင်း သိရသည်။
“နှစ်တိုင်းလိုလိုရေကြီးပါတယ်။ မနေ့ကဆို မီးလည်းပြတ် လေလည်းတိုက်။ အထပ်နိမ့်တဲ့အိမ်တွေဆို ထက်ဝက်မြုပ်တယ်။ ကားလည်း ရေထဲပါလို့ပါ။ အဲ့တာ ရဲဝန်ထမ်းက ကားပေါ်မျှောပါနေသူကို ကယ်ဆယ်ရေး လုပ်ရင်း နစ်သွား”ဟု မိုင်းပေါက်နေထိုင်သူဒေသခံ က ပြောသည်။
မိုင်းပေါက်မှာ ရေဘေးကူညီကယ်ဆယ်ရင်း အသက်သေဆုံးသွားသည့် “ဝ”ရဲတပ်ဖွဲ့တစ်ဦးသည် အသက်(၂၇)နှစ်အရွယ် Qin Huaဖြစ်ကြောင်း “ဝ”ပြည်နယ် ရဲဌာန တရားရေးဌာနချုပ်မှလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
“ရဲဘော် ချင်ဟွာသည် ပြည်သူများ၏ အသက်နှင့် ဥစ္စာပစ္စည်းများကို ကာကွယ်ရန် အပူတပြင်း ကယ်ဆယ်မှုတွေ သူ့၏အဖိုးတန်အသက်ကို စတေး ခဲ့သည်”ဟု ရေးသားထားသည်။
အရှန်ပြင်းသော တောင်တရုတ်ပင်လယ်ပြင်မှ မုန်တိုင်း Wipha ဝီဖာသည် ယခုလ(၂၅)ရက်အထိ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း မိုးကြီးနိုင်၍ ရေဘေး၊ လျှပ်စစ်လျက်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မြေပြိုခြင်းစသည့် သဘာဝအန္တရာယ်ကို သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADMက သတိပေးထုတ်ပြန်ထားသည်။
#PPV0011
#သဘာဝဘေး
#မိုင်းပေါက်
#ရေကြီးရေလျှံမှု
#ကယ်ဆယ်ရေး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်