ခမ်းသားငေါဝ်း
ဇူလိူင် ၂၃၊၂၀၂၅

https://www.facebook.com/share/p/15V894rsTu/

တောင်ကြီးမြို့ ၊အနောက်မြို့ပတ်လမ်း မီးသွေးတန်းလမ်းဆုံ ၊ ကုန်သည်လမ်းတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းသည့်သူများ ဖမ်းဆီးရာ ဆိုင်ကယ် အစီး (၃၀)ကျော်် ဖမ်းခံရကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ မနေ့ ဇူလိုင် (၂၂)ရက်နေ့တွင် အနောက်မြို့ပတ်လမ်း မီး သွေးတန်းလမ်းဆုံတွင် လိုင်စင်မဲ့ယာဉ််များ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကိုဖမ်းဆီးစစ်ဆေးခဲ့ကြောင်းသိရသည်။

ဖမ်းခံရသူ အများစုသည် ဆိုင်ကယ်ဖြင့် ဟင်းသီး ဟင်းရွက် လိုက်လံ ရောင်းသည် ဈေးသည်များဖြစ်ကြ ကြောင်း ဒေသခံဆီမှသိရပါသည်။

“ဟုတ်တယ် အိမ်ထိပ်နားမှာ၊ အစီး (၃၀)ကျော်ပါသွားတယ်တဲ့၊ မီးသွေးတန်းထိပ်နား၊ ခပ်များများဟင်းသီးဟင်းရွက်သည် တွေကိုပဲ ရွေးဖမ်းတာ၊ ဘာလို့ဆို အန်တီတို့ အိမ်နားက ဈေးသည် တွေလည်းရှိ တော့ ၊ မိုးကြီးကြီးရွာလည်းဖမ်းတာပဲ အရင်ရက်တုန်းက အေးစေတီအတက်လမ်းမှာ ညမိုးချုပ်လည်းဖမ်းတာပဲပိုက်ဆံရဖို့က အဓိကလေ မိုးရွာချင်ရွာ”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ဇူလိုင် (၂၂)ရက်နေ့ မနက်ပိုင်း ၁၀နာရီမှ စပြီး နာရီဝက် တစ်နာရီ အထိ အချိန်ယူဖမ်းဆီးခဲ့ကြောင်း သိရပါသည်။

ထို့ပြင် တောင်ကြီးမြို့ပေါ်တွင်လည်းလိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမှုသည် တစ်နေ့ထက်တစ်နေ့ကြပ်လာ ​ကြောင်းနှင့် တောင်ကြီးမြို့ပေါ်ရှိ အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်တို့ နေရာအနှံ လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းသိရပါသည်။

#PPV0013
#Humanright
#လိုင်စင်မဲ့
#ယာဥ်ဖမ်းဆီး
#တောင်ကြီး
#ဆိုင်ကယ်
#အနောက်မြို့ပတ်လမ်း

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home