ခမ်းသားငေါဝ်း
ဇူလိုင် ၂၃၊ ၂၀၂၅
https://www.facebook.com/share/p/1592P5FJRi/
လားရှိုးမြို့မှာ အိမ်စီးကားပေါ် ကဒ်ခြံပါလို့ ဆိုသည့် အကြောင်းပြချက်ဖြင့် လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးမှုရှိနေကြောင်းဇူလိုင်(၂၃)ရက်က စုံစမ်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကောင်စီပြန်လည်အုပ်ချုပ်နေသည့် လားရှိုးမြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးမှုရှိနေပြီး ငွေကြေးဖြင့် ပြန်လည်ညှိနှိုင်းမရဘဲ အပြီးသိမ်းကြောင်း ဒေသခံထံမှ သိရသည်။
“အိမ်စီးကားလည်း မိုးကိုင်းကဒ်ခြံပါရင်ကို လိုင်းကားထင်ပြီး အပြီးသိမ်းမယ်ပြောတယ်။ အခုမှ မြို့ကပြန်လည် လည်ပတ်နိုင်ဖို့ မဆိုသလောက်ရှိသေးတာ။ လုံးဝညှိမရဘူး။ မြို့ပြင် မုဒ်ဦးနားတို့၊ မီးပွိုင့်ရှိတဲ့နေရာတွေမှာ ဖမ်းတာ ရုံးမှာလည်း ဖမ်းထားတဲ့ကားတွေ များတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
လိုင်စင်မဲ့ယဥ်များ ဖမ်းဆီးသိမ်းဆည်းနေမှုကြောင့် ဒေသခံများ သွားလာရေး အဆင်မပြေမှုကြုံရပြီး ဒေသခံများ၏ အခက်ခဲကို နားလည်စေချင်ကြောင်း ပြောသည်။
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့တွင်လည်း လိုင်စင်မဲ့ယာဉ်ဖမ်းဆီးသိမ်းဆည်းမှု ယခုလအထိ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် မေလအတွင်း လိုင်စင်မဲ့ကားများ ထိထိရောက်ရောက်ဖမ်းဆီးအရေးယူရန် ညွှန်ကြားခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း မြောက်ပိုင်းတို့၌ ပြည်သူများ၏ လိုင်စင်မဲ့ယာဉ် အမြောက် အများ ဖမ်းဆီးသိမ်းဆည်းလာခဲ့ပြီး ယခုလအထိ ဖမ်းဆီးမှု ရှိနေကြောင်း သိရသည်။
#PPV0011
#Humanright
#လားရှိုး
#လိုက်စင်မဲ့ဖမ်းဆီး
#ရှမ်းမြောက်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်